မန်းရွှေစက်တော်ဘုရားပွဲတွင် အရက်၊

January 7, 2018

မန်းရွှေစက်တော်ဘုရားပွဲ တည်းခိုဆောင်တင်ဒါ ကျပ်သိန်း ၅၂၀၀ ကျော်ရရှိ

  ၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲ တည်းခိုဆောင် (၈၄) ဆောင် တင်ဒါချထားမှုက ရရှိငွေ ကျပ်ငွေသိန်းပေါင်း ၅၂၀၀ ကျော်ရရှိခဲ့တယ်လို့ မန်းရွှေစက်တော်ဂေါပကအဖွဲ့ဝင် ဦးမြင့်သိန်းက ပြောပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့က ၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် တည်ခိုဆောင်တွေကို မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမမှာ တင်ဒါဖွင့်ပွဲ ကျင်းပခဲ့တာပါ။ တည်းခိုဆောင် ၈၄ ဆောင်ကို  သိန်းပေါင်း ၃၇၄၀ ကျပ်နဲ့ ကြမ်းခင်းဈေးသတ်မှတ်ခဲ့ပြီး တင်ဒါရရှိမှုက သိန်းပေါင်း ၅၂၀၀ ကျော်ရရှိခဲ့တာကြောင့် ကြမ်းခင်းဈေးထက် ကျပ်ငွေ သိန်းပေါင်း ၁၅၂၀ ကျော် ပိုရရှိခဲ့တယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။ တင်ဒါဖွင့်ပွဲမှာ တည်းခိုဆောင်ပေါင်း ၁၁၃ ဆောင်ထဲက ၈၄ ဆောင်ကို တင်ဒါလျှောက်ထားသူ ၂၄၅ ဦးက တင်ဒါဈေးပြိုင်စနစ်နဲ့ တင်ဒါဈေးနှုန်းအဆိုပြုလွှာတွေကို တင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် တင်ဒါပစ်ရန်ကျန်နေသေးတဲ့ ၂၉ ဆောင်ကို Deposit သိန်း ၄၀ ထပ်မံပေး သွင်းဖို့ မလိုတော့ဘဲ လျှောက်လွှာအသစ်ကို နှစ်သိန်းနဲ့ဝယ်ယူပြီး ဇန်နဝါရီ ၈ ရက်နေ့ကနေ ၉ ရက်နေ့အထိ မင်းဘူးရွှေစက်တော်ဂေါပကရုံးမှာ လျှောက်ထားနိုင်တယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် တည်းခိုဆောင်တွေအနေနဲ့ ဂေါပကအဖွဲ့က ကြီးကြပ်သွားမယ့် အဆောင် ၃ ဆောင်၊ နမ္မဒါ ၁၊ ၂ က အဆောင်တွေနဲ့ ငွေသောင်ယံက တည်းခိုဆောင်တွေလည်း ရှိသေးတယ်လို့ ဂေါပကအဖွဲ့ကပြောပါတယ်။ တင်ဒါဖွင့်ပွဲမှာ မန်းရွှေစက်တော်၊ နာယကအဖွဲ့က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ဒေါက်တာခင်မောင်အေးနဲ့ ဂေါပကအဖွဲ့က ဥက္ကဋ္ဌ ဦးသိန်းလှိုင်တို့နဲ့ ဂေါပကအဖွဲ့ဝင်တွေ တက်ရောက်ပြီး တင်ဒါဖွင့်ပွဲကို ဦးဆောင်ရှင်းလင်း ခဲ့ကြပါတယ်။  
4 years Ago

March 13, 2017

မန်းရွှေစက်တော်ဘုရားပွဲတွင် အရက်၊ ဘီယာ ရောင်းချသည့်ဆိုင်များကို ဂေါပအဖွဲ့ အရေးယူ

၂၀၁၇ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်အတွင်းမှာ အရက်၊ ဘီယာတွေ ရောင်းချနေတဲ့ ဈေးဆိုင်တွေကို စစ်ဆေးအရေးယူနေတယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။ ဘုရားပွဲတော်မှာ မှုခင်းကြိုတင်ကာကွယ်တားဆီးရေး လုပ်နိုင်ဖို့ အရက်၊ ဘီယာ၊ ထန်းရည်၊ စိမ်ရည်၊ ကဇော်၊ ရမ်၊ ဝီစကီနဲ့ မူးယစ်ဆေးဝါးတွေကို ဘုရားပွဲတော်တွင်း ယူဆောင်လာတာ၊ ရောင်းချတာနဲ့ သုံးစွဲတာတွေမပြုဖို့ ဘုရားပွဲတော် နေရာအနှံ့မှာ တရားဝင် တားမြစ်ထားတာလည်း ရှိပါတယ်။ မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာ တာဝန်ရှိတဲ့ ဂေါပကအဖွဲ့က ဘုရားပွဲတော်အတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ စောရတနာ စားသောက်ဆိုင်၊ ဘွိုင်း စားသောက်ဆိုင်တွေကနေ မြန်မာဘီယာပုလင်း၊ မြန်မာဘီယာသံဘူး၊ Royal Club ဝီစကီ အရက်ပုလင်းပြား၊ ဒဂုံဘီယာပုလင်း၊ ဒဂုံဘီယာ သံဘူးတို၊ ရှည်နဲ့ အရက်ဖြူပုလင်းတွေကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ မန်းရွှေစက်တော်ဘုရား ဂေါပက ဥက္ကဋ္ဌက ပြောပါတယ်။
5 years Ago
Up