မန်းဂျော်နီ

January 10, 2018

ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနှင့် ဝန်ကြီးဦးဘဟိန်းတို့ နုတ်ထွက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီနဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းတို့ကို ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက တရားဝင်ထုတ်ပြန်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်တွေအရ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်တာလို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုးပြီး ဇန်နဝါရီ ၉ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သမ္မတရုံး အမိန့်စာမှာ ဖော်ပြထားပါတယ်။ ဧရာဝတီတိုင်းဝန်ကြီးချုပ် အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးက ဝန်ကြီးတချို့ကို ပြောင်းလဲအစားထိုးခန့်အပ်ဖို့ ပြင်ဆင်ထားပြီးပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်မှုဆောင် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက  ဒီဗွီဘီကို ပြောထားပါတယ်။ လက်ရှိအချိန်မှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်နဲ့ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုးမြင့်တို့လည်း ရာထူးမှ နုတ်ထွက်စာတင်ထားပါတယ်။
3 years Ago

October 8, 2017

အကြမ်းဖက်သတ်ဖြတ်ခံရသူများအတွက် ဆုတောင်းပွဲ ဧရာဝတီတိုင်းဝန်ကြီးချုပ် တက်ရောက်

  ရခိုင်ပြည်နယ် မောင်တောဒေသမှာ အစွန်းရောက်အကြမ်းဖက်အဖွဲ့ ARSA ရဲ့ အကြမ်းဖတ်သတ်ဖြတ်ခံရတဲ့ ဒေသခံတိုင်းရင်းသားတွေ၊ ပြည်သူ့ဝန်ထမ်းတွေနဲ့ ဟိန္ဒူလူမျိုးတွေ အတွက် ဆုတောင်းပွဲကို ပုသိမ်မြို့မှာ ပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ် တက်ရောက်ခဲ့ပါ တယ်။ ဧရာဝတီတိုင်းဒေသကြီး ဟိန္ဒူဘာသာရေးအဖွဲ့က ဒီကနေ့ နေ့လယ် နှစ်နာရီခွဲက ပုသိမ်မြို့ စရီမဟာကာလီအမ္မာန်မယ်တော်ကြီးဘုရားကျောင်းမှာ ဝမ်းနဲကြေကွဲခြင်းနဲ့ ဟိန္ဒူဓလေ့ ဆုတောင်းခဲ့ပါတယ်။ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မန်းဂျော်နီ တက်ရောက်တဲ့အပြင် အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ပုသိမ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဟိန္ဒူဘာသာဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံခြားမီဒီယာအချို့က ဟိန္ဒူလူမျိုးတွေကို ရိုဟင်ဂျာဟိန္ဒူလို့ ခေါ်ဝေါ်နေကြတာနဲ့ ပတ်သက်လို့လည်း ဟိန္ဒူတွေက အဓိကထားကန့်ကွက်ခဲ့ကြပါတယ်။
4 years Ago
Up