မန်ယူ နောက်ခံလူ အီဗန် ၀က်စ်ဘရွန်းကို ပြောင်းရွှေ့

August 30, 2015

မန်ယူ နောက်ခံလူ အီဗန် ၀က်စ်ဘရွန်းကို ပြောင်းရွှေ့

မန်ချက်စတာ ယူနိုက်တက်အသင်း နောက်တန်းသမားဖြစ်တဲ့ ဂျွန်နီ အီဗန်ဟာ ၀က်စ်ဘရွန်းအသင်းကို ပြောင်းရွှေ့သွားပါတယ်။ အသက် ၂၇ နှစ်အရွယ် နောက်ခံလူ ဂျွန်နီ အီဗန်ရဲ့ ပြောင်းရွှေ့ကြေးကို ဖော်ပြတာ မရှိပေမယ့် ဗြိတိသျှ မီဒီယာတွေမှာတော့ ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းလောက် ရှိလိမ့်မယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ ၀က်စ်ဘရွန်းနည်းပြ တိုနီ ပူလစ်စ်ကတော့ ဂျွန်နီက အတွေအကြုံများတဲ့ ကစားသမားဖြစ်လို့ အသင်းအတွက် အားကိုးရတဲ့သူ ဖြစ်လာလိမ့်မယ်လို့ ပြောဆိုထားပါတယ်။ မြောက်အိုင်ယာလန် လက်ရွေးစင် နောက်တန်းသမားဟာ မန်ယူနည်းပြ ဗန်ဂါး လက်ထက်မှာ ပုံမှန်ပွဲထွက် ကစားခွင့်မရလို့ အသင်းပြောင်းတာ ဖြစ်ပါတယ်။ သူဟာ မန်ယူအတွက် ပွဲပေါင်း ၁၉၈ ပွဲ ကစားပေးထားပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် ရရှိထားပါတယ်။
6 years Ago
Up