မန်ယူ သရေကျပြီး အသင်းကြီးများ ဂိုးပြတ်အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များ (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

October 30, 2016

မန်ယူ သရေကျပြီး အသင်းကြီးများ ဂိုးပြတ်အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များ (ရုပ်သံဟိုက်လိုက်)

အောက်တိုဘာ ၂၉ ရက်နေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီးတွေအားလုံး ဂိုးပြတ်အနိုင်ရခဲ့ကြပြီး မန်ယူအသင်းကတော့ သရေကျသွားပါတယ်။ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်က အဝေးကွင်းမှာ ဆန်ဒါးလန်းအသင်းကို ၄ ဂိုး ၁ ဂိုး၊ မန်စီးတီးအသင်းကတော့ ၀က်စ်ဘရွန်းအသင်းကို ၄ ဂိုးပြတ်၊ လီဗာပူးအသင်းကလည်း ခရစ္စတယ်ပဲလေ့စ်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။ မန်ယူအသင်းကတော့ အိမ်ကွင်းမှာ ဘန်လေအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်လည်း အကြိမ်ရေများစွာ ရရှိခဲ့ပေမယ့် ဘန်လေ ဂိုးသမား လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ သရေတမှတ်နဲ့ ကျေနပ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ မန်စီးတီးက ရမှတ် ၂၃ နဲ့ အဆင့် ၁၊ အာဆင်နယ်က ၂၃ မှတ်နဲ့ အဆင့် ၂၊ လီဗာပူးအသင်းက ၂၃ မှတ် အဆင့် ၃ တို့ဖြင့် ဂိုးကွာချက်အရ အဆင့် အသီးသီးမှာ ရပ်တည်နေပြီး မန်ယူအသင်းကတော့ ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up