ဆန်းဒါးလန်းအသင်းဟာ မန်ယူနောက်ခံလူ ၂ ဦးဖြစ်တဲ့ မက်နဲနဲ့ ဒိုနယ်လဗ်တို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်ပါတယ်။
မြောက်အိုင်ယာလန် လက်ရွေးစင် မက်နဲနဲ့ လူငယ်ကစားသမား ဒိုနယ်လဗ်တို့ ၂ ဦးကို ပေါင် ၆ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒိုနယ်လဗ်ဟာ ပြီးခဲ့တဲ့ရာသီက ဝီဂန်အသင်းမှာ အငှားသွားကစားခဲ့ပြီး မန်ယူ ပထမအသင်းနဲ့အတူ ပရီးမီးယားလိဂ် ၁ ပွဲနဲ့ ယူရိုပါလိဂ် ၁ ပွဲသာ ပွဲထွက်ခွင့် ရထားပါတယ်။
မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်ဟာ ဆန်းဒါးလန်းနည်းပြအဖြစ် မကြာသေးခင်ကမှ ခန့်အပ်ခံထားရတာပါ။
ဆန်းဒါးလန်းအသင်းဟာ ပြီးခဲ့တဲ့ အပတ်တုန်းက ချဲလ်ဆီးနောက်ခံလူ ဂျီလိုဘိုဂျီကို ပေါင် ၈ သန်းနဲ့ ခေါ်ယူထားပြီးလည်း ဖြစ်ပါတယ်။
5 years Ago