မန်ယူ-လီဗာပူး ပရိသတ်ရန်ပွဲ ဥရောပဘောလုံးအဖွဲ့ချုပ် စုံစမ်းမည်

A d v e r t i s e m e n t With Us

March 18, 2016

မန်ယူ-လီဗာပူး ပရိသတ်ရန်ပွဲ ဥရောပဘောလုံးအဖွဲ့ချုပ် စုံစမ်းမည်

မတ် ၁၈ ရက်က ယူရိုပါလိဂ်ပြိုင်ပွဲအဖြစ် အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လီဗာပူးပွဲစဉ်မှာ ၂ ဘက်ပရိသတ်တွေ ရန်ပွဲကို ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က စုံစမ်းစစ်ဆေးမှာ ဖြစ်ပါတယ်။ ၁ ဂိုးစီ သရေကျခဲ့တဲ့ မန်ယူ-လီဗာပူးပွဲစဉ်မှာ ၂ ဘက်အသင်း ပရိသတ်တွေ ရန်ဖြစ်ခဲ့လို့ ရဲတပ်ဖွဲ့က လီဗာပူး ပရိသတ်တွေကို အကာအကွယ် ပေးခဲ့ရပါတယ်။ ထိုင်ခုံတွေနဲ့လည်း ပစ်ပေါက်ခဲ့သလို မီးရှူးမီးပန်းတွေကို ထွန်းညှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ကို ယူအီးအက်ဖ်အေက စုံစမ်းသွားမှာဖြစ်ပြီး ၂ သင်းစလုံး အပြစ်ပေးခံရဖွယ် ရှိတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ မန်ချက်စတာ ရဲတပ်ဖွဲ့ကတော့ ဘောလုံးပွဲနဲ့ ပတ်သက်တဲ့ ရန်ပွဲကြောင့် လူ ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ကြေညာပါတယ်။ ပွဲမစခင် အိုးထရက်ဖို့ဒ်ကွင်းကို လာကြည့်တဲ့ လီဗာပူးပရိသတ်တွေကို မခံချင်အောင် လှုံ့ဆော်ထားတဲ့ ခေါင်းစီးစာတန်းတွေကို ရဲတွေက ဖယ်ရှားခဲ့ပါတယ်။ ယူအီးအက်ဖ်အေရဲ့ ညွှန်ကြားချက်မှာတော့ အိမ်ရှင်အသင်းက ဘောလုံးကွင်းနဲ့ အနီးပတ်ဝန်းကျင် လုံခြုံရေးအတွက် တာဝန်ရှိတယ်လို့ ဆိုပါတယ်။
5 years Ago
Up