မန်ယူ-မန်စီးတီးပွဲအပြီး နှစ်ဖက်ကစားသမားများနှင့် အသင်းဝန်ထမ်းများ ပြဿနာဖြစ်

December 11, 2017

မန်ယူ-မန်စီးတီးပွဲအပြီး နှစ်ဖက်ကစားသမားများနှင့် အသင်းဝန်ထမ်းများ ပြဿနာဖြစ်

မန်စီးတီးက မန်ယူကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာ မန်ယူနဲ့ မန်စီးတီးအသင်း ကစားသမားတွေ၊ အသင်းဝန်ထမ်းတွေ ပြဿနာဖြစ်ခဲ့ကြပါတယ်။ မန်ယူနဲ့ မန်စီးတီး ကစားသမားတွေနဲ့ အသင်းဝန်ထမ်း ၂၀ လောက်ဟာ အဝတ်လဲခန်းသွားတဲ့ လျှောက်လမ်းထဲမှာ ပြဿနာဖြစ်ခဲ့ကြကာ မန်ယူနည်းပြ မော်ရင်ဟိုရဲ့ ဦးခေါင်းကို ရေဘူးအခွံနဲ့ ထိမှန်ခဲ့ပြီး ကစားသမားတွေ သောက်တဲ့ နို့ရည်တွေလည်း စင်ခဲ့တယ်လို့ သိရပါတယ်။ မန်စီးတီးကစားသမားတွေ အနေနဲ့ နိုင်ပွဲရတဲ့အပေါ် အလွန်အကျူး အောင်ပွဲခံတာကနေ ပြဿနာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မန်ယူအသင်းအပေါ် လေးစားမှုမရှိတဲ့အတွက် ပြဿနာဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုနဲ့ မန်စီးတီးဂိုးသမား အီဒါဆန်တို့ စကားများခဲ့ကြသလို ကစားသမားတချို့လည်း လက်သီးနဲ့ထိုးတဲ့အထိ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေက ပြောပါတယ်။ မန်ယူအသင်းဟာ ဒီပွဲအရှုံးရလဒ်ကြောင့် အဆင့် ၁ က မန်စီးတီးနဲ့ ၁၁ မှတ်အထိ ကွာဟသွားပါတယ်။
3 years Ago
Up