မန်ယူနှင့် အာဆင်နယ် ပွဲတန်ကြေး ပေါင် ၁ ဒသမ ၀၅ ဘီလီယံတန်ကြေးရှိ

December 1, 2017

မန်ယူနှင့် အာဆင်နယ် ပွဲတန်ကြေး ပေါင် ၁ ဒသမ ၀၅ ဘီလီယံတန်ကြေးရှိ

အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အမ်းမရိတ်စ်ကွင်းကြီးမှာ မနက်ဖြန် ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်တန်ကြေးဟာ ပေါင် ၁ ဒသမ ၀၅ ဘီလီယံ တန်ကြေးရှိနေပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် သမိုင်းတလျှောက် ပထမဆုံးအကြိမ် တန်ကြေးအမြင့်ဆုံးအဖြစ် ၁ ဘီလျံကျော်သွားခဲ့တာပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ အခွန်ဘဏ္ဍာ ပေါင် ၄၂၄ သန်း ရရှိခဲ့သလို မန်ချက်စတာယူနိုက်တက်အသင်းကတော့ ၅၈၁ သန်းထိ ရရှိခဲ့ပြီး နှစ်သင်းပေါင်းတန်ကြေး ၁ ဒသမ ၀၅ ဘီလီယံထိ ရှိနေတာပဲဖြစ်ပါတယ်။ ဒါဟာ နှစ်သင်းလုံးအတွက် ဂဏန်းအရေအတွက် ရာခိုင်နှုန်း နှစ်ဆနီးပါး တက်ခဲ့တာဖြစ်ပြီး ဒီငွေကြေးပမာဏဟာ နိုင်ငံရဲ့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုအတွက် ၃ ရက်စာ လည်ပတ်ငွေနဲ့ အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်းကို လှူဒါန်းငွေနဲ့ ညီမျှနေပါတယ်။ ဒီပွဲစဉ်မှာ ကြော်ငြာခတွေအပြင် ရုပ်သံရိုက်ကူးရေးကနေလည်း ဝင်ငွေများစွာ ရရှိခဲ့ပြီး ၂၀၁၈ ကနေ ၂၀၂၁ ထိ ရေးဆွဲထားတဲ့ ပရီးမီးယားလိဂ် ရုပ်သံလွှင့်ခွင့် ဥပဒေသစ် မစတင်မီ ပေါင် ဘီလီယံချီတန်တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။
4 years Ago
Up