မန်ယူနှင့် မန်စီးတီးက ဘာစီလိုနာ နောက်ခံလူ အမ်တီတီကို ခေါ်ယူရန် ပစ်မှတ်ထား

December 29, 2017

မန်ယူနှင့် မန်စီးတီးက ဘာစီလိုနာ နောက်ခံလူ အမ်တီတီကို ခေါ်ယူရန် ပစ်မှတ်ထား

ဆောက်သမ်တန်နောက်ခံလူ ဗန်ဒိုက် လီဗာပူးအသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာ ဘာစီလိုနာနောက်ခံလူ အမ်တီတီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဗန်ဒိုက်ဟာ နောက်တန်းကစားသမားတဦးအနေနဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ လီဗာပူးကို ပြောင်းရွှေ့ခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နောက်ခံလူ အဲရစ်ဘိုင်လီ ဒဏ်ရာရနေတာ၊ လင်ဒီလော့ဖ်ကလည်း ပုံမှန်ခြေစွမ်း မရတာကြောင့် ဘာစီလိုနာရဲ့ ပြင်သစ်လူငယ်နောက်ခံလူ အမ်တီတီကို ခေါ်ယူလိုနေတာပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းကလည်း သူတို့ရဲ့ အဓိကနောက်ခံလူ အသင်းခေါင်းဆောင် ကွန်ပနီ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ သတ်မှတ်ထားတဲ့ အမ်တီတီကို ခေါ်ယူဖို့ ကြိုးစားလာတာလည်း ဖြစ်ပါတယ်။ အမ်တီတီဟာ ၂၀၁၆ ခုနှစ်က လိုင်ယွန်အသင်းကနေ ဘာစီလိုနာကို ပေါင် ၂၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၆၂ ပွဲ ပွဲထွက်ကစားထားပါတယ်။
4 years Ago
Up