မန်ယူနှင့် မန်စီးတီး

A d v e r t i s e m e n t With Us

October 26, 2015

မန်ယူနှင့် မန်စီးတီး ဂိုးမရှိ သရေ ရလဒ်ဖြင့် အဆုံးသတ် (ရုပ်သံ)

အောက်တိုဘာလ ၂၅ ရက်နေ့မှာ ယှဉ်ပြိုင်သွားတဲ့ မန်ယူနဲ့ မန်စီးတီးတို့ရဲ့ ဒါဘီပွဲစဉ်မှာ ဂိုးမရှိသရေ ရလဒ်နဲ့ အဆုံးသတ် သွားပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နှစ်သင်းဆုံလို့ အကြိတ်အနယ် ရှိခဲ့ပြီး မန်ယူက ပွဲအစ အဆုံးကို ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ၂ အသင်းစလုံး ၄၂၃၁ ကစားကွက်ကို အသုံးပြုသွားပြီး မန်ယူက ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပြီး မန်စီးတီးက တန်ပြန်တိုက်စစ်တွေကို အသုံးပြုသွားပါတယ်။ မန်ယူ တိုက်စစ်မှူး မာရှယ်အနေနဲ့ တဖက် နောက်တန်းကို ခြိမ်းခြောက် ကစားနိုင်ခဲ့ပါတယ်။ မန်စီးတီးက နောက်တန်းကလည်း အိုတာမန်ဒီ ခြေစွမ်းပြ ကစားနိုင်ခဲ့လို့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။ ဒီပွဲမှာ မန်ယူက ဂိုးသွင်းခွင့် ပိုရခဲ့ပြီး မန်စီးတီး ဂိုးသမား ဂျိုးဟတ် ကာကွယ်နိုင်တာနဲ့ အဆုံးသတ် မသေချာလို့ သရေတမှတ်စီ ခွဲယူလိုက်ရပါတယ်။ ဒီပွဲသရေကျပေမယ့် မန်စီးတီးက ၂၂ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေပါတယ်။ မန်ယူက အမှတ် ၂၀ နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up