မန်ယူနှင့်

December 31, 2017

မန်ယူနှင့် ဆောက်သမ်တန် ဂိုးမရှိ သရေကျ(ရုပ်သံ)

ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ စနေည နောက်ဆုံးပွဲအဖြစ် မန်ယူနဲ့ ဆောက်သမ်တန်တို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရှိသရေကျခဲ့ပါတယ်။ မန်ယူအသင်းဟာ ဒီပွဲမတိုင်ခင်မှာ လက်စတာ၊ ဘန်လေတို့နဲ့ သရေကျခဲ့ပြီး ဒီပွဲမှာ ထပ်မံသရေကျခဲ့တာကြောင့် နောက်ဆုံး ၃ ပွဲမှာ ၃ မှတ်သာရပြီး ခြောက်မှတ် ဆုံးရှုံးခဲ့တာကြောင့် ဒုတိယနေရာကနေ ဆင်းပေးလိုက်ရပါတယ်။ မန်ယူအသင်းဟာ ဘယ်တောင်ပံမှာ မစ်ခီတာရီယန်ကို ပွဲထုတ်လာကလွဲရင် အပြောင်းအလဲကြီးကြီးမားမား မရှိခဲ့ပါဘူး။ ဒါပေမယ့် ၁၄ မိနစ်မှာပဲ လူကာကူ ဒဏ်ရာရပြီး ရပ်ရှ်ဖို့ဒ်နဲ့ လူစားလဲခဲ့ရတာကြောင့် ဖြတ်တင်ဘောတွေနဲ့ ခြိမ်းခြောက်ဖို့ ခက်ခဲသွားပါတယ်။ ရပ်ရှ်ဖို့ဒ်၊ လင်ဂတ်နဲ့ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ မာစီယဲလ်တို့ရဲ့ မြန်နှုန်းနဲ့ ထိုးဖောက်တွေကနေ အခွင့်အရေးတချို့ရခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ နားလည်မှု အားနည်းခဲ့တာကြောင့် ဂိုးရဖို့ရုန်းကန်ခဲ့ရတာပါ။ ဆောက်သမ်တန်ကို ဘောလုံးပေးကိုင်ပြီးရင်လည်း ပြန်လည်ဖျက်ထုတ်ရယူမှုပိုင်းမှာ အားနည်းတာကြောင့် တန်ပြန်တိုက်စစ်လည်း သိပ်အလုပ်မဖြစ်ခဲ့ပါဘူး။ ဂိုးဝင်သွားနိုင်တဲ့ တကြိမ်မှာ ပေါ့ဘာ ၀င်ရောက်ကန်သွင်းပြီး လူကျွံနေခဲ့တာကြောင့် နစ်နာခဲ့ရပြန်ပါတယ်။ သရေပွဲကြောင့် မန်ယူအသင်း ချယ်လ်ဆီးထက် တမှတ်လျော့နဲ့ တတိယနေရာ ရောက်သွားသလို၊ စတုတ္ထနေရာက လီဗာပူးလ်ရဲ့ ၃ မှတ်အကွာနဲ့ ဖိအားပေးခြင်းကိုလည်း ခံခဲ့ရပါတယ်။
3 years Ago
Up