မန်ယူနှင့်ဆွမ်ဆီး ၁ ဂိုးစီ သရေကျ

May 1, 2017

မန်ယူနှင့်ဆွမ်ဆီး ၁ ဂိုးစီ သရေကျ (ရုပ်သံဟိုက်လိုက်)

ဧပြီ ၃၀ ရက်က ယှဉ်ပြိုင်တဲ့ မန်ယူနဲ့ ဆွမ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တဘက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ဆွမ်ဆီးရဲ့ မာမာထန်ထန် တုံ့ပြန်ကစားမှုကြောင့် မန်ယူတို့ အခက်တွေ့ခဲ့ရသလို အဓိက ကစားသမားတွေ ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့အတွက်လည်း မန်ယူကစားပုံ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ မန်ယူအတွက် ဦးဆောင်ဂိုးကို ပထမပိုင်းပြီးခါနီးမှာ အသင်းခေါင်းဆောင် ရွန်နီက ပယ်နယ်တီမှတဆင့် သွင်းယူပေးခဲ့ပါတယ်။ မန်ယူဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးယူနိုင်ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ မတိမ်းမယိမ်းပဲ ရှိခဲ့ပါတယ်။ ဆွမ်ဆီးအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၇၉ မိနစ်မှာ ဆီဂတ်ဆန်က ပြစ်ဒဏ်ဘောကတဆင့် လှလှပပ ကန်သွင်းသွားခဲ့ပါတယ်။ ဒီပွဲသရေကျတဲ့အတွက် မန်ယူဟာ အမှတ်ပေးဇယားမှာ အပြောင်းအလဲမရှိဘဲ ရမှတ် ၆၅ မှတ်နဲ့ အဆင့် ၅ မှာ ဆက်လက်ရပ်တည်နေပြီး ဆွမ်ဆီးကတော့ ရမှတ် ၃၂ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ မှာ ရှိနေပါတယ်။
4 years Ago
Up