မန်ယူ၏ အမြင့်ဘောကစားပုံကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲ ပျင်းစရာကောင်းခဲ့ဟု အေဂျက်နည်းပြ ပြော

May 26, 2017

မန်ယူ၏ အမြင့်ဘောကစားပုံကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲ ပျင်းစရာကောင်းခဲ့ဟု အေဂျက်နည်းပြ ပြော

မန်ယူအသင်းရဲ့ အမြင့်ဘောကစားပုံကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲဟာ ပျင်းစရာကောင်းသွားတာ ဖြစ်တယ်လို့ အေဂျက်အသင်းနည်းပြ ပီတာဘော့ဇ်က ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းအနေနဲ့ အမြင့်ဘောတွေနဲ့ ကစားခဲ့ပြီး စွန့်စားမှုတခုမှ မလုပ်ခဲ့တာကြောင့် မိမိတို့အသင်းအနေနဲ့ အကောင်းဆုံးကစားနိုင်ဖို့ အခက်အခဲရှိခဲ့တယ်လို့လည်း အေဂျက်နည်းပြက ဆိုပါတယ်။ ဒါ့အပြင် အမြင့်ဘော အားပြုလွန်းပြီး တန်ပြန်တိုက်စစ်တွေနဲ့ ကစားခဲ့တဲ့ မန်ယူအသင်းရဲ့ ကစားပုံကြောင့် နှစ်သင်းစလုံးအတွက် ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေ အများကြီးမရခဲ့ဘဲ ပျင်းစရာကောင်းတဲ့ပွဲဖြစ်သွားလို့ အေဂျက်နည်းပြက ဝေဖန်ခဲ့ပါတယ်။ ဟော်လန်ကလပ် အေဂျက်အသင်းဟာ ဥရောပဖလား ဗိုလ်လုပွဲသမိုင်းတလျှောက် အသက်အငယ်ဆုံး လူစာရင်းနဲ့ ပွဲထွက်ခဲ့တာဖြစ်ပြီး မန်ယူအသင်းကို အနိုင်မကစားနိုင်ခဲ့လို့ စိတ်ပျက်မိတယ်လို့လည်း ပီတာဘော့ဇ်က ပြောကြားခဲ့ပါတယ်။
4 years Ago
Up