မန်ယူနောက်တန်းသမား ဒါမီရန် ဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူရမည်

A d v e r t i s e m e n t With Us

February 14, 2016

မန်ယူနောက်တန်းသမား ဒါမီရန် ဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူရမည်

မန်ယူ နောက်တန်းသမား ဒါမီရန်ဟာ ပခုံးအဆစ်လွဲတဲ့ ဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူရဖွယ် ရှိနေပါတယ်။ အသက် ၂၆ နှစ်အရွယ် ဗဟိုနောက်ခံလူဟာ ဆန်းဒါးလန်းကို ရှုံးတဲ့ပွဲမှာ တဖက်ကစားသမားနဲ့ တိုက်မိပြီး ဒဏ်ရာရခဲ့တာပါ။ သူ့ ဒဏ်ရာက သီတင်းပတ်ပေါင်းများစွာ အနားယူရတောမှာပါလို့ နည်းပြ ဗန်ဂါးက ပြောပါတယ်။ ဒါမီရန်ဟာ လုခ် ရှော၊ ရိုဂျို၊ အက်ရှလေယန်း၊ ဗယ်လန်စီယာတို့နဲ့အတူ ဒဏ်ရာရတဲ့ လူစာရင်းမှာ ပါဝင်သွားပါတယ်။ ဒါမီရန် ဒဏ်ရာသွားလို့ နဂိုကတည်းက အမှားအယွင်းများတဲ့ မန်ယူ နောက်တန်းအတွက်လည်း ထိုးနှက်ချက် တခုလို ဖြစ်ခဲ့ပါတယ်။ ဒါမီရန် နာသွားလို့ သူ့နေရာမှာ အသက် ၂၁ နှစ်အရွယ် လပ်က ၀င်ရောက် ကစားခဲ့ရပါတယ်။ ကျနော်တို့မှာ နောက်ထပ် အားဖြည့်စရာ ဗဟိုနောက်ခံလူ မရှိတော့ဘူးလို့လည်း နည်းပြ ဗန်ဂါးက ပြောဆိုသွားပါတယ်။
5 years Ago
Up