မန်ယူနောက်ခံလူ လုခ်ရှော ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းမှ နုတ်ထွက်

A d v e r t i s e m e n t With Us

April 4, 2017

မန်ယူနောက်ခံလူ လုခ်ရှော၏ ခြေစွမ်းနှင့် ကြိုးစားမှုကို နည်းပြ မော်ရင်ဟို ဝေဖန်

မန်ယူနောက်ခံလူ လုခ်ရှောရဲ့ ခြေစွမ်းနဲ့ ကြိုးစားမှုကို နည်းပြ မော်ရင်ဟိုက ဝေဖန်ပြောကြားလိုက်ပါတယ်။ မန်ယူဘယ်နောက်ခံလူနေရာမှာ ဒါမီယန်၊ အက်ရှ်လေယန်းနဲ့ ဘလင်းတို့လည်း ကစားနေတာပါ။ လုခ်ရှောရဲ့ လေ့ကျင့်ပုံ၊ ခြေစွမ်းနဲ့ ရည်မှန်းချက်တွေဟာ သူတို့ရဲ့ခြေစွမ်းနဲ့ နှိုင်းယှဉ်လို့မရဘဲ သူတို့နောက်မှာ ကျန်ခဲ့ပြီဖြစ်တယ်လို့ နည်းပြမော်ရင်ဟိုက ဝေဖန်ပြောကြားလိုက်တာပါ။ အသက် ၂၁ နှစ်အရွယ်ရှိ လုခ်ရှောဟာ ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည် အနားယူခဲ့ရသူဖြစ်ပြီး ဒဏ်ရာက ပြန်လည်ကောင်းမွန်လာတဲ့ အချိန်မှာလည်း မန်ယူအသင်းမှာ ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာ မန်ယူအတွက် ပရီးမီးယားလိဂ် ၅ ပွဲပဲ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ လက်ရှိအချိန်ထိ ၁ ပွဲပဲ ပါဝင်ကစားခွင့်ရထားတာပါ။ လုခ်ရှောကို အင်္ဂလန်လက်ရွေးစင်အသင်းက ရွေးချယ်ထားပေမယ့် ပွဲထွက်ဂိုးသမား ဂျိုးဟတ်ဟာလည်းပဲ လက်ရွေးစင်ဖြစ်ပေမယ့် အီတလီမှာ အငှားသွားကစားနေရတယ်လို့ နည်းပြမော်ရင်ဟိုက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လုခ်ရှောအနေနဲ့ လာမယ့်အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာရဖို့လည်း ရှိနေတယ်လို့ ဗြိတိန်သတင်းစာတွေမှာ ဖော်ပြကြပါတယ်။ အင်္ဂလန်ကစားသမားလုခ်ရှောဟာ ၂၀၁၄ ခုနှစ်က ဆောက်သမ်တန်အသင်းကနေ ပေါင် ၃၂ သန်းနဲ့ မန်ယူအသင်းဆီ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။
4 years Ago

September 4, 2016

မန်ယူနောက်ခံလူ လုခ်ရှော ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းမှ နုတ်ထွက်

အင်္ဂလန်လက်ရွေးစင်အသင်းက မန်ယူနောက်တန်းကစားသမား လုခ်ရှောဟာ ခြေထောက်ဒဏ်ရာကြောင့် အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။ အင်္ဂလန်ဘယ်နောက်ခံကစားသမား လုခ်ရှောဟာ လေကျင့်ရေး အစီအစဉ်တစ်ခုမှာ ခြေထောက်ကြွက်သား ဒဏ်ရာရရှိခဲ့ပြီး စနေနေ့က ပြုလုပ်တဲ့ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ မပါဝင်နိုင်ခဲ့တာပါ။ အသက် ၂၁ နှစ်ရှိ လုခ်ရှောဟာ ပြီးခဲ့တဲ့ရာသီအစကလည်း ခြေထောက်ကြွက် သားဒဏ်ရာကြောင့် ၁၂ လလောက် အနားယူခဲ့ရပါတယ်။ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု အဖွင့်ပွဲအဖြစ် ဆလိုဗက်ကီးယားနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လုခ်ရှောဒဏ်ရာရရှိသွားလို့ သူ့ရဲ့ဘယ်နောက်ခံနေရာမှာ စပါးကဒန်နီရို့စ်ပွဲထွက် လာဖို့ရှိပါတယ်။ လုခ်ရှောအနေနဲ့ လာမယ့်တပတ်မှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် မန်ချက်စတာ ဒါဘီပွဲစဉ်မှာလည်း ပါဝင်ကစားနိုင်ဖို့ မသေချာတော့ပါဘူး။ မန်ယူကွင်းလယ်လူ တဦးဖြစ်တဲ့ အမ်ခီတာယန်မှာလည်း အယ်လ်ဘေးနီးယားနဲ့ ချက်တို့ကစားတဲ့ပွဲမှာ ဒဏ်ရာရရှိသွားလို့ တပတ်ခန့်အနား ယူရမှာဖြစ်ပါတယ်။
4 years Ago
Up