မန်ယူနောက်ခံလူ

January 5, 2019

ဆီဗီလာက မန်ယူနောက်ခံလူ ဘိုင်လီကို ခေါ်ယူရန် စိတ်ဝင်စားနေ

ဆီဗီလာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ အဲရစ်ဘိုင်လီကို ခေါ်ယူဖို့ အသည်းအသန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ ဘိုင်လီဟာ ဗီလာရီးရဲလ်အသင်းကနေ ပေါင်သန်း ၃၀ နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ လာလီဂါကို ပြန်သွားဖို့ သတင်းတွေ ထွက်ပေါ်လာတာပါ။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘိုင်လီတို့ဟာ စာချုပ်သက်တမ်း ၁၈ လ ကျန်ရှိသေးပေမယ့် ဆီဗီလာအသင်းကတော့ တခြားဥရောပအသင်းကြီးတွေ မခေါ်ယူခင်မှာ လက်ဦးမှုရယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဆီဗီလာအသင်း ခေါ်ယူဖို့အတွက်ဆိုရင်တော့ ဘိုင်လီကို လုပ်ခလစာ အများအပြား ပေးချေရဖွယ်ရှိနေတာကြောင့် အခက်အခဲရှိနေပါတယ်။ ဘိုင်လီဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ တပတ်လုပ်ခ ပေါင် ၇ သောင်းခွဲ ရရှိနေပါတယ်။
2 years Ago

December 8, 2018

မန်ယူနောက်ခံလူ ဒါမီယန်ကို ခေါ်ယူရန် ဖူလ်ဟမ်အသင်း ပစ်မှတ်ထား

ခံစစ်ပြသနာကို ဆိုးဆိုးရွားရွား ရင်ဆိုင်ဖြေရှင်းနေရတဲ့ ဖူလ်ဟမ်အသင်းဟာ မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဒါမီယန်ကို ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် အီတလီမြေကို ပြန်ချင်နေတဲ့ ဒါမီယန်ကတော့ အင်တာမီလန်၊ လာဇီယိုတို့လို အသင်းတွေကို ပြောင်းရွှေ့ဖို့ပဲ စိတ်ဝင်စားနေပါတယ်။ ဒါမီယန်ဟာ ၂၀၁၅ ခုနှစ်က တိုရီနိုကနေ ပေါင် ၁၂.၅သန်းနဲ့ ယူနိုက်တက်နည်းပြ ဗန်ဟားလ်ခေါ်ယူမှုနဲ့ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါမီယန်ဟာ အခုရာသီ ၃ ပွဲသာ ပွဲထွက်ကစားရသေးတဲ့အပြင် ဒီရာသီအကုန်မှာ စာချုပ်သက်တမ်းလည်း ကုန်မှာဖြစ်လို့ အီတလီပြန်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ လက်ရှိ ဖူလ်ဟမ်အသင်းနောက်တန်းဟာ ၁၅ ပွဲမှာ ၃၆ ဂိုးထိ ခွင့်ပြုထားရလို့ အဆိုးရွားဆုံး အခြေအနေမှာရှိနေပါတယ်။ လက်စတာနည်းပြဟောင်း ရေးနီယာရီရောက်ရှိလာချိန်မှာတော့ အီတလီသား နည်းပြ ဖြစ်တဲ့အလျှောက် ခံစစ်ကိုပြုပြင်ဖို့ အားသန်နေတာလည်း ဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းမှာ ယူနိုက်တက်ရဲ့ အငှါးချထားတဲ့ ကစားသမား တင်မိုသီလည်း ရှိနေသလို အာဆင်နယ်နောက်ခံလူဟောင်း ချမ်ဘာ၊ လီမာချန်၊ အဲလ်ဖိုင်းမော်ဆင်၊ ဂျိုးဘရိုင်ယန်တို့လည်း ရှိနေပေမယ့် အခုထိတော့ ပေးဂိုးတွေ ဆက်တိုက်ခွင့်ပြုေ ရဆဲဖြစ်သလို အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
2 years Ago
Up