မန်ယူတောင်ပံကစားသမား အက်ရှ်လေယန်း အခြားအသင်းတွင် သွားရောက်ကစားခွင့် တောင်း

January 24, 2017

မန်ယူတောင်ပံကစားသမား အက်ရှ်လေယန်း အခြားအသင်းတွင် သွားရောက်ကစားခွင့် တောင်း

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား အက်ရှ်လေယန်းဟာ နည်းပြမော်ရင်ဟိုထံ တခြားအသင်းကို အငှားသွားရောက်ကစားခွင့် တောင်းခံခဲ့တယ်လို့ သိရပါတယ်။ အက်ရှ်လေယန်းအနေနဲ့ အခုလိုတောင်းဆိုလိုက်တာကြောင့် တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းလူနန် အပါအဝင် တခြား ပရီးမီးယားလိဂ် ကလပ်အသင်းအများစုက စိတ်ဝင်စားလျက် ရှိနေပါတယ်။ နည်းပြမော်ရင်ဟိုကတော့ အက်ရှ်လေယန်းကို လာမယ့် အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ပွဲတွေအတွက် လိုအပ်နေတယ်လို့ ဆိုထားပါတယ်။ နောက်ပြီး သူ့အသင်းက ဂိုးသမား ဆမ်ဂျွန်စတုံးကလွဲလို့ တခြားကစားသမားတွေကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ လုံးဝ ထွက်ခွာခွင့်မပြုဘူးလို့ ပြောကြားထားပါတယ်။ အက်ရှ်လေယန်းကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ ဝက်စ်ဟမ်း၊ ဝက်စ်ဘရွန်း၊ ဝတ်ဖို့ဒ်၊ ခရစ္စတယ်ပဲလေ့စ်၊ ဆွမ်ဆီး အစရှိတဲ့အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။
5 years Ago
Up