မန်ယူအသင်း ၀တ်ဖို့ဒ်ကို ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်

A d v e r t i s e m e n t With Us

September 19, 2016

မန်ယူအသင်း ၀တ်ဖို့ဒ်ကို ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

စက်တင်ဘာ ၁၈ ရက်နေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူက ၀တ်ဖို့ဒ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ မန်ယူအတွက်တော့ တပတ်အတွင်းမှာ ၃ ပွဲမြောက် ရှုံးပွဲတွေ့သွားတာပါ။ မန်ယူဟာ ပြီးခဲ့တဲ့တပတ်ထဲမှာ မန်စီးတီး၊ ယူရိုပါလိဂ်မှာ ဖေယင်နုနဲ့ အခု ပရီးမီးယားလိဂ်မှာ ၀တ်ဖို့ဒ်အသင်းတွေကို ဆက်တိုက်ရှုံးတာ ဖြစ်ပါတယ်။ နည်းပြ မော်ရင်ဟိုအတွက်တော့ ၂၀၀၂ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ၃ ပွဲဆက်တိုက် ရှုံးပွဲနဲ့ ရင်ဆိုင်ရတာပါ။ နည်းပြ မော်ရင်ဟိုဟာ ၀တ်ဖို့ဒ်နဲ့ပွဲမှာ ကစားသမား ၅ ဦးအထိ အပြောင်းအလဲလုပ်ပြီး ယှဉ်ပြိုင်သွားတာပါ။ ဒီပွဲမှာ မန်ယူက အသစ်ဝယ်ယူထားတဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာလည်း ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်သွားရပါတယ်။ မန်ယူဟာ ဒီပွဲရှုးလို့ ၉ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၆ မှာ ရှိနေပြီး ၀တ်ဖို့ဒ်က ၇ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up