မန်ယူအသင်း ဖေးလ်ဂျုန်းကို စာချုပ်သက်တမ်းတိုး

July 12, 2015

ဂျာမနီအလယ်တန်းလူ ရှဝိန်းစတိုင်ဂါကို မန်ယူ ခေါ်ယူ

အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် အသင်းက ဂျာမနီအလယ်တန်းလူ ဘတ်စတီယန် ရှဝိန်းစတိုင်ဂါကို လတ်မှတ်ရေးထိုး ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ လောလောဆယ်မှာ ရှဝိန်းစတိုင်ဂါဟာ မန်ယူအသင်းမှာ ဆေးစစ်မှု ခံယူနေပါတယ်။ ဂျာမနီ ဘွန်ဒစ်လီဂါ ဘိုင်ယန်မြူနစ်ကလပ်က အသက် ၃၀ အရွယ် စတိုင်ဂါက ၂၀၁၆ သက်တမ်းရှိ စာချုပ်ကို သက်တမ်းမတိုးချင်ဘူးလို့ ပြောဆိုထားပါတယ်။ ၂၀၀၂ ခုနှစ် ဘိုင်ယန်မှာ စတင်ကစားခဲ့ပြီးနောက် အသင်းအတွက် ၅၃၆ ပွဲကို စတိုင်ဂါက ကစားပေးထားပါတယ်။ စတိုင်ဂါဟာ စပိန် ရီးရဲမက်ဒရစ်က နောက်ခံလူ ဆာဂျီယို ရာမိုစ်နဲ့ အတူ မန်ယူရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မန်ယူက တောင်ပံတိုက်စစ်မှူး ဒီပေးကို ခေါ်ယူထားသလို အီတလီ ခံစစ်မှူး မက်သီယို ဒါမီယန်ကို ပေါင် ၁၃ သန်းတန်နဲ့ ခေါ်ယူဖို့ ဆေးစစ်တာတွေ လုပ်ဆောင်နေပါတယ်။
6 years Ago

June 30, 2015

မန်ယူအသင်း ဖေးလ်ဂျုန်းကို စာချုပ်သက်တမ်းတိုး

မန်ချက်စတာယူနိုက်တက် အသင်းက နောက်တန်းကစားသမား ဖေးလ် ဂျုန်းကို    စာချုပ်သက်တမ်း ထပ်တိုးလိုက်ပါတယ်။ ဖေးလ်ဂျုန်းရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ တနှစ်ပဲ ကျန်ရှိနေတာဖြစ်ပြီး စာချုပ်သက်တမ်း တိုးလိုက်တဲ့အတွက် မန်ယူမှာ ၂၀၁၉ ဇွန်လအထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဖေးလ်က အချိန်တိုင်း တိုးတက်နေတဲ့ လူငယ် နောက်တန်းကစားသမားတယောက် ဖြစ်တယ်လို့ နည်းပြ လူးဝစ် ဗန်ဂါးက ပြောဆိုထားပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂျုန်းကို မန်ယူက ဘလက်ဘန်းအသင်းကနေ ပေါင် ၁၇ သန်းပေးပြီး ၂၀၁၁ မှာ ခေါ်ယူထားတာပါ။ ဂျုန်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ မန်ယူအတွက် ၂၂ ပွဲ ကစားပေးထားပြီး မန်ယူမှာ ကစားတဲ့ ၄ နှစ်တာ ကာလအတွင်း ပွဲပေါင်း ၁၂၈ ပွဲ ကစားပေးထားပါတယ်။ သူဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက်တော့ ၁၇ ပွဲ ကစားပေးထားပါတယ်။
6 years Ago
Up