မန်ယူအသင်း လက်ရှိကစားပုံ အလုပ်ဖြစ်ဆဲဟု နည်းပြပြော

A d v e r t i s e m e n t With Us

March 13, 2016

မန်ယူအသင်း လက်ရှိကစားပုံ အလုပ်ဖြစ်ဆဲဟု နည်းပြပြော

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လက်ရှိ ကစားပုံဟာ အလုပ်ဖြစ်နေသေးတယ်လို့ နည်းပြ ဗန်ဂါးက ပြောဆိုလိုက်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့တပတ်က ယူရိုပါလိဂ် ၁၆ အသင်းအဆင့် ရှုံးထွက် ပထမအကျော့မှာ လီဗာပူးကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပါတယ်။ ကစားပုံဟာ အလုပ်ဖြစ်ပေမယ့် ရလဒ်တွေတော့ လုံလောက် အောင် မကောင်းဘူးလို့လည်း နည်းပြက ဆိုထားပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်လောက်အောင်အထိတော့ ကစားပုံက မလုံလောက်သေးဘူးလို့လည်း ပြောပါတယ်။ မန်ယူဟာ ဖြစ်နိုင်ချေ နည်းပေမယ့်လည်း လက်ရှိမှာတော့ ဖလား ၃ လုံး ရနိုင်သေးတဲ့ လမ်းကြောင်းပေါ်မှာပဲ ရှိနေပါတယ်။ မန်ယူဟာ ဒီညမှာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဖြစ် ၀က်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 years Ago
Up