မန်ယူအသင်းက ပစ်မှတ်ထားနေတဲ့ ကွင်းလယ်သမား ပေါ့ဘာဟာ တနင်္လာနေ့မှာ ဂျုဗင်တပ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းဆီကို ပြန်လာတော့မယ်လို့ နည်းပြ အယ်လီဂရီက ပြောပါတယ်။
ပြင်သစ် ကွင်းလယ်သမားဟာ ယူရိုပြိုင်ပွဲ ကစားထားရလို့ အားလပ်ရက် ခရီးထွက်အပြီးမှာ အသင်းကို ပြန်လည် ရောက်ရှိလာ တော့မှာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် ပေါဘာကို မန်ယူက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ပေးပြီ ခေါ်ယူဖို့ လုပ်နေတာပါ။
မန်ယူနည်းပြ မော်ရင်ဟိုကတော့ အပြောင်းအရွှေ့က နီးစပ်နေပြီလို့ ပြောထားပါတယ်။ ဒါပေမယ့်လည်း ဂျုဗီနည်းပြ အယ်လီဂရီကတော့ ပေါ့ဘာဟာ လက်ရှိမှာတော့ ဂျုဗင်တပ် ကစားသမားတယောက် ဖြစ်နေသေးတယ်လို့ ဆိုထားပါတယ်။
မန်ယူကစားသမားဟောင်း ဖြစ်တဲ့ ပေါ့ဘာဟာ အသက် ၁၉ နှစ်အရွယ် ၂၀၁၂ မှာ ပေါင် ၈ သိန်းလောက်နဲ့ အီတလီကလပ် ဂျုဗင်တပ်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
5 years Ago