မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ ကံအဆိုးဆုံးအသင်းဖြစ်တယ်လို့ အသင်းနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။
မန်ယူအသင်းဟာ အာဆင်နယ်နဲ့ပွဲမှာ အနိုင်ရဖို့နီးစပ်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ပေးလိုက်ရတဲ့ဂိုးကြောင့် သရေနဲ့ကျေနပ်ခဲ့ရတာပါ။
အာဆင်နယ်နဲ့ပွဲမှာ အကောင်းဆုံးကြိုးစားကစားခဲ့တဲ့ ကစားသမားတွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့လည်း မော်ရင်ဟိုကပြောပါတယ်။
မန်ယူအသင်းဟာ အိမ်ကွင်းပွဲစဉ်တွေဖြစ်တဲ့ ဘန်လေ၊ စတုတ်စီးတီးနဲ့ အာဆင်နယ်အသင်း တို့နဲ့ပွဲမှာ သရေရလဒ်တွေနဲ့ ကျေနပ် ခဲ့ရတာဖြစ်ပြီး အဲဒီပွဲတွေမှာ ၆ မှတ်လောက်ရ မယ်ဆိုရင် အမှတ်ပေးဇယား ထိပ်ဆုံး ၄ သင်းစာရင်းဝင်နေပြီ လို့လည်း မော်ရင်ဟိုကပြောပါတယ်။
အိမ်ကွင်း ၃ ပွဲဆက်သရေရတဲ့ ပွဲစဉ်တွေဟာ ကံမကောင်းလို့ဖြစ်ပြီး လက်ရှိအခြေအနေမှာ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ကံအဆိုးဆုံးအသင်းဖြစ်နေတယ်လို့ မော်ရင်ဟိုကပြောပါတယ်။
6 years Ago