မန်ယူအသင်းမှာပဲ ဆက်ရှိနေမည်ဟု

February 25, 2017

မန်ယူအသင်းမှာပဲ ဆက်ရှိနေမည်ဟု ရွန်နီ ပြော

အသင်းကနေထွက်ခွာမယ်လို့ သတင်းတွေ ထွက်နေတဲ့ မန်ယူတိုက်စစ်မှူး ၀ိန်းရွန်နီဟာ မန်ယူအသင်းမှာပဲ ဆက်ရှိနေမယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်ရှိ ၀ိန်းရွန်နီဟာ တရုတ်စူ ပါလိဂ်ကလပ်အသင်းတွေဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူဟာလည်း တရုတ်နိုင်ငံကို သွားရောက်ပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ မန်ယူအသင်းကနေ ထွက်ခွာမှာမဟုတ်ဘဲ အသင်းကို အောင်မြင်မှုတွေရရှိအောင် ကူညီပေးချင်တယ်လို့ ရွန်နီကပြောပါတယ်။ တခြားကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် မန်ယူအသင်းရဲ့ အစိတ်အပိုင်တခုအနေနဲ့ ဆက်ရှိချင်တာကြောင့် အခုလိုဆုံးဖြတ်လိုက်တာလို့ ရွန်နီက ဆက်ပြောပါတယ်။ ရွန်နီအနေနဲ့ မန်ယူအသင်းမှာ ပွဲထွက်ခွင့်ဆုံးရှုံးနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းကနေ လက်ရှိအချိန် ၃ ပွဲပဲ ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ ရွန်နီအနေနဲ့ လက်ရှိအချိန်မှာ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ကစားမှာမဟုတ်ပေမယ့် ပွဲထွက်ခွင့် ဆက်မရဘူးဆိုရင်တော့  လာမယ့်နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ ရှိတယ်လို့ သိရပါတယ်။
4 years Ago
Up