မန်ယူနဲ့ ဒီည ကစားမယ့်ပွဲစဉ်မှာ မန်စီးတီးအသင်းက ၄၈ နာရီ ပိုပြီး အနားရထားတဲ့ အကျိုးကျေးဇူးကို ခံစားရလိမ့်မယ်လို့ နည်းပြ ပယ်လီဂရီနီက ပြောဆိုလိုက်ပါတယ်။
မန်စီးတီးဟာ မန်ချက်စတာ ဒါဘီ ပွဲစဉ်အဖြစ် မန်ယူနဲ့ ဒီညမှာ ပရီးမီးယားလိဂ် ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာပါ။
စီးတီးဟာ ပြီးခဲ့တဲ့ မတ် ၁၅ ရက်နေ့မှာ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်အဖြစ် ဒိုင်နမိုကိရိတ်၊ မန်ယူကတော့ ၁၇ ရက်နေ့မှာ လီဗာပူးနဲ့ ယူရိုပါလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်တွေ အသီးသီး ကစားထားပါတယ်။
မန်ယူထက် ၄၈ နာရီ နားချိန်ပိုရလို့ ပြင်ဆင်ချိန် ပိုရတယ်လို့ စီးတီးနည်းပြက ပြောပါတယ်။
လောလောဆယ်မှာ မန်စီးတီးက အမှတ်ပေးဇယားထိပ်က လက်စတာရဲ့ နောက် ၁၂ မှတ်အကွာနဲ့ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။
ဒီည မန်ယူနဲ့ ကစားမယ့်ပွဲမှာ မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီ ဒဏ်ရာရထားလို့ ပါဝင်နိုင်ခြင်းတော့ မရှိပါဘူး။
5 years Ago