မန်ယူအသင်းက

April 22, 2018

မန်ယူအသင်းက စပါးကို အနိုင်ယူပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲတက် (ရုပ်သံ)

မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက စပါးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ မန်ယူအသင်းအနေနဲ့ အခုပွဲမှာ စပါးအသင်းကို အနိုင်ရဖို့အတွက် ခက်ခက်ခဲခဲ ကစားခဲ့ရတာပါ။ ဦးဆောင်ဂိုး စပါးအသင်းက အရင်ရခဲ့ပြီး ပွဲအစ ၁၁ မိနစ်မှာပဲ ကွင်းလယ်ကစားသမား အယ်လီက အနီးကပ်ပိတ်သွင်းယူပါတယ်။ ပွဲချိန် ၂၄ မိနစ်မှာ  ဆန်းချက်ဇ်က ခေါင်းတိုက်သွင်းယူပြီး မန်ယူအသင်းအတွက် ချေပဂိုးသွင်းပါတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းစလုံးအခွင့်အရေး ကိုယ်စီရခဲ့ပြီး စပါးအသင်းကတော့ ဘောလုံးပိုင်ဆိုင်မူ အသာရခဲ့ပါတယ်။ မန်ယူအသင်းအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၆၂ မိနစ်မှာ ကွင်းလယ်ကစားသမား ဟာရဲယားက ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာ စပါးအသင်းက လူးကပ်မိုရာ၊ လာမီလာတို့ကို ထည့်ပြီး တိုက်စစ်ဆင်ခဲ့ပေမယ့် မန်ယူအသင်းက အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တာကြောင့် ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့တာ ဖြစ်ပါတယ်။ အက်ဖ်အေဖလားဗိုလ်လုပွဲကို လာမယ့် မေလ ၁၉ ရက်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မန်ယူအသင်းက ဒီကနေ့ညမှာ ကစားမယ့် ချဲလ်ဆီးနဲ့ ဆောက်သမ်တန်ပွဲက နေ အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။
4 years Ago

April 8, 2018

မန်ယူအသင်းက မန်စီးတီးကို ၃-၂ ဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ယူအသင်းက အကောင်းဆုံး စိတ်ဓာတ်နဲ့ မန်စီးတီးအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲပထမပိုင်းမှာ မန်စီးတီးအသင်းက ခြေစွမ်းအသာနဲ့ ဖိကစားသွားပြီး ပွဲချိန် ၂၅ မိနစ်နဲ့ ၃၀ မိနစ်တွေမှာ ကွန်ပနီနဲ့ ဂန်ဒိုဂန် တို့ရဲ့ သွင်းဂိုးတွေနဲ့ မန်စီးတီး က ၂ ဂိုး သွင်းပြီး ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ မန်ယူအသင်းက ဂိုးပေါက်ကန်သွင်းခွင့်တကြိမ်မှ မရတဲ့အထိ ခြေစွမ်းညံ့ ခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ မန်ယူအသင်းက ကစားကွက် ကောင်းမွန်အောင် ကစားနိုင်ခဲ့ပြီးပွဲချိန် ၅၃ မိနစ်နဲ့ ၅၅ မိနစ်တွေမှာ ကွင်းလယ်ကစားသမားပေါ့ဘာက နှစ်ဂိုးဆက်သွင်းခဲ့ပါ တယ်။ ပွဲချိန် ၆၉ မိနစ်မှာလည်း ဆန်းချက်ဇ်ရဲ့ ပြစ်ဒဏ်ဘောကနေတဆင့်မတင်ပေးမူကို စမောလင်းက ပိတ်သွင်းယူခဲ့လို့ မန်ယူအသင်း နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်းက ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယနေရာက မန်ယူအသင်းကို ၁၃ မှတ်ဖြတ်ထားဆဲဖြစ်ပါတယ်။
4 years Ago
Up