မန်ယူအသင်း

July 2, 2019

နိမ့်ပါးနေသည့် မန်ယူအသင်း လက်ရှိအခြေအနေအပေါ် ထိခိုက်ခံစားရဟု ရက်ရှ်ဖို့ဒ်ပြော

မန်ယူနိုက်တက်အသင်းရဲ့ နိမ့်ပါးနေတဲ့ လက်ရှိအခြေအနေအပေါ်မှာ ထိခိုက်ခံစားနေရတယ်လို့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောပါတယ်။  ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသင်းနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တပတ် ပေါင် ၂ သိန်းတိုးမြှင့်ရရှိမှာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပြီး ဆုဖလားလက်မဲ့ ဖြစ်ခဲ့တဲ့အပေါ်မှာ နေ့စဉ်ထိခိုက်ခံစားနေရတယ်လို့ ၀န်ခံ ပြောကြားခဲ့တာပါ။  အသင်းရဲ့ ပရိသတ်တဦးကနေ ကစာသမားတဦးဖြစ်လာတဲ့အတွက် ရှုံးပွဲတွေနဲ့ ကြုံတွေ့တဲအခါမှာ တခြားသူတွေထက်ပိုပြီး စိတ်ထိခိုက်ခံစားရတယ်လို့ ရက်ရှ်ဖို့ဒ်ကဆိုပါတယ်။  အရင်က အောင်မြင်မူရခဲ့တဲ့အသင်းနဲ့ လက်ရှိအသင်းရဲ့ အခြေအနေအပေါ်မှာ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ စိတ်ထိခိုက်ခံစားရပြီး အရင်ကလို အောင်မြင်မူမျိုးပြန်လည်ရရှိအောင် စွမ်းဆောင်သွားချင်တယ်လို့ ရက်ရှ်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရှုံးနိမ့်မှုတွေကို စိတ်ဓာတ်လူံ့ဆော်မှုအဖြစ် ပြောင်းလဲအသုံးချပြီး အောင်မြင်မှုတွေရ ယူနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ရက်ရှ်ဖို့ဒ်က ဆက်ပြီးပြောကြားသွားခဲ့ပါတယ်။  အသက် ၂၁ နှစ်ရှိ ရက်ရှ်ဖို့ဒ်ဟာ ၂၀၁၆ ခုနှစ်က အသင်းနဲ့ စတင်ပွဲထွက်ကစားခွင့်ရခဲ့ပြီး လက်ရှိအချိန်အထိ စုစုပေါင်းပွဲ ၁၇၀ မှာ ၄၅ ဂိုး သွင်းယူထားပါတယ်။
2 years Ago

June 17, 2019

မန်ယူအသင်းကို အားကစားဒါရိုက်တာအဖြစ် ပြန်လာလိုကြောင်း ဖာဒီနန် ပြော

မန်ယူအသင်ဘက်က ကမ်းလှမ်းမယ်ဆိုရင် အားကစားဒါရိုက်တာအဖြစ် ပြန်လာချင်တယ်လို့ နောက်ခံလူ ဟောင် ဖာဒီနန်က ၀န်ခံပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ အားကစားဒါရိုက်တာ ရာထူးခန့်အပ်ဖို့အတွက် ရှာဖွေနေတာဖြစ်ပြီး အသင်းခေါင်းဆောင်ဟောင်း ဖာဒီနန်ကို ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ဖာဒီနန်က ပြောကြားခဲ့တာပါ။ ယူနိုက်တက်အသင်းကို ချစ်မြတ်နိုးနေဆဲဖြစ်ပြီး အသင်းနဲ့ ဆက်ဆံရေး အခြေအနေကိုလည်း လူအားလုံး သိမြင်လိမ့်မယ်လို့ ဖာဒီနန်ကဆိုပါတယ်။ အသင်းမှာ အခန်းကဏ္ဍတခုအနေနဲ့ တာဝန်ယူဖို့ စကားပြောဆိုမှုတွေရှိလာမယ်ဆို ရင်တော့ လုပ်ဆောင်သွားမယ်လို့ ဖာဒီနန်က ဆိုပါတယ်။ ဖာဒီနန်ဟာ လက်ရှိအချိန်မှာ BT Sports ရုပ်သံမှာ သုံးသပ်သူအဖြစ် တာဝန်ယူနေတာဖြစ်ပြီး စတူဒီယိုအခန်းထဲက ဆိုဖာပေါ်မှာထိုင်ပြီး အလုပ်လုပ်နေရတာကိုလည်း ပျော်ရွှင်ကျေနပ်နေတယ်လို့ ဆိုပါတယ်။
2 years Ago
More News
Up