မန်ယူသို့ ပြောင်းရွှေ့ခွင့်ရ၍ ပျော်ရွှင်ကျေနပ်မိဟု မာတစ် ပြော

August 2, 2017

မန်ယူသို့ ပြောင်းရွှေ့ခွင့်ရ၍ ပျော်ရွှင်ကျေနပ်မိဟု မာတစ် ပြော

နည်းပြမော်ရင်ဟိုနဲ့ နောက်တကြိမ် ပြန်လက်တွဲရမယ့် အခွင့်အရေးကို မငြင်းဆန်နိုင်ခဲ့ဘူးလို့ မန်ယူကစားသမားသစ် မာတစ်က ပြောလိုက်ပါတယ်။ ကွင်းလယ်ကစားသမား မာတစ်နဲ့ မန်ယူနည်းပြ မော်ရင်ဟိုတို့ဟာ ချဲလ်ဆီးအသင်းမှာ အတူလက်တွဲခဲ့ဖူးတာပါ။ မန်ယူအသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တသင်းဖြစ်ပြီး ဒီလို ထိပ်တန်းအသင်းကြီးတသင်းဆီ ပြောင်းရွှေ့ခွင့်ရလို့ ပျော်ရွှင်ကျေနပ်မိတယ်လို့လည်း မာတစ်က ပြောပါတယ်။ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်ပြီး မန်ယူအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပြဖို့ ကြိုးစားမယ်လို့လည်း မာတစ်က ဆက်ပြောပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုကလည်း မာတစ်ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျေနပ်မိပြီး ဒီကိုလာဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ မန်ယူအသင်းဟာ အသက် ၂၉ နှစ်ရှိ ဆားဘီးယားကစားသမား မာတစ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း ကနဦး ပေးချေခဲ့ရပြီး ခြေစွမ်းအပေါ်မူတည်ကာ နောက်ထပ် ပေါင် ၅ သန်း ပေးချေရမှာပါ။ မာတစ်အနေနဲ့ မန်ယူမှာ ကျောနံပါတ် ၃၁ ဝတ်ဆင်မှာဖြစ်ပါတယ်။
4 years Ago
Up