မန်ယူပရိသတ်

May 15, 2019

နည်းပြ ဆိုးလ်ရှားပုံကို တက်တူးထိုးခဲ့သည့် မန်ယူပရိသတ်

မန်ချက်စတာယူနိုက်တက် ပရိသတ်တဦးဟာ နည်းပြ ဆိုးလ်ရှားရဲ့ပုံ တက်တူးတခုကို သူ့ရဲ့ပေါင်မှာ ထိုးခဲ့ပါတယ်။ မန်ယူအသင်း ပရိသတ်တဦးဖြစ်တဲ့ နော်ဝေနိုင်ငံသား တော်ဟင်းနရစ် စတန်စ်လန်ဟာ ချန်ပီယံလိဂ် ဒုတိယအကျော့မှာ မန်ယူက ပီအက်စ်ဂျီကို ကျော်ဖြတ်နိုင်မယ်ဆိုရင် နည်းပြ ဆိုးလ်ရှားရဲ့ပုံကို တက်တူးထိုးမယ်လို့ တွစ်တာမှာတင်ပြီး စိန်ခေါ်ခဲ့တာပါ။ မန်ယူအသင်းဟာ ပထမအကျော့က ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် မန်ယူပရိသတ်တဦးဖြစ်တဲ့ စတန်စ်လန်ဟာလည်း သူပြောထားတဲ့အတိုင်း နည်းပြဆိုးလ်ရှားရဲ့ ပုံကို သူ့ရဲ့ ညာဘက်ပေါင်မှာ တက်တူးထိုးခဲ့ရတာ ဖြစ်ပါတယ်။ တက်တူးထိုးအပြီးမှာတော့ တွစ်တာပေါ်မှာ တင်ခဲ့ပြီး သူပြေထားခဲ့တဲ့အတိုင်း လုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေအနေနဲ့ ပျော်ရွှင်ကျေနပ်ကြလိမ့်မယ်လို့ ထင်ကြောင်းလည်း စတန်စ်လန်က ရေးသားခဲ့ပါတယ်။
2 years Ago
Up