မန်ယူနည်းပြအဖွဲ့ မြန်မာလူငယ်ကစားသမားများကို အခြေခံဘောလုံးပညာ သင်ကြားပေးမည်

May 10, 2017

မန်ယူနည်းပြအဖွဲ့ မြန်မာလူငယ်ကစားသမားများကို အခြေခံဘောလုံးပညာ သင်ကြားပေးမည်

Manda Fermentation နဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းတို့ ပူးပေါင်းပြီး Manchester Football Clinic Program ကို ရန်ကုန်နဲ့ ပုသိမ် မြို့ ၂ မြို့မှာ အခုလအတွင်း ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ Manchester United Soccer School ရဲ့ နည်းပြတွေနဲ့ မန်ယူအသင်း နောက်ခံ ကစားသမားဟောင်း ရော်နီ ဂျွန်ဆင်တို့ ပါဝင်တဲ့ မန်ယူနည်းပြအဖွဲ့ဟာ ရန်ကုန်မြို့မှာ မေလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ အမျိုးသား ဘောလုံးအကယ်ဒမီ မြက်ခင်းတုကွင်းနဲ့ အကယ်ဒမီ သင်ကြားရေးခန်းမမှာ ယူ-၁၂ နဲ့ ယူ-၁၄ လူငယ်ကစားသမား ၆၀ ဦးကို အခြေခံ ဘောလုံးပညာတွေ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ မေလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ ပုသိမ်မြို့ကို သွားရောက်ပြီး ကျောက်တိုင်ကွင်းမှာ ပြည်တွင်း လူငယ်ကစားသမား ၁၅၀ ဝန်းကျင်ကို ဘောလုံးပညာတွေ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
4 years Ago
Up