မန်ယူတွင် ဆက်နေဖွယ်ရှိ

June 10, 2017

တိုက်စစ်မှူး ဝိန်းရွန်နီ မန်ယူတွင် ဆက်နေဖွယ်ရှိ

မန်ယူတိုက်စစ်မှူး ဝိန်းရွန်နီဟာ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် စာချုပ်ကုန်ဆုံးတဲ့အထိ မန်ယူအသင်းမှာ ဆက်နေဖို့ ရှိနေပါတယ်။ အင်္ဂလန်ကစားသမား ရွန်နီအနေနဲ့ မန်ယူအသင်းမှာ ပွဲထွက်ခွင့် နည်းပါးနေပေမယ့် တရုတ်ကလပ်တွေ အပါအဝင် အသင်းဟောင်း အဲဗာတန်အသင်းကိုလည်း ပြောင်းရွှေ့လိုခြင်း မရှိတာကြောင့် မန်ယူအသင်းမှာ ဆက်နေဖို့ စဉ်းစားနေတာပါ။ ဒါပေမယ့် နောက်ဆုံး အပြီးသတ် ဆုံးဖြတ်ချက်ကိုတော့ အားလပ်ရက်တွေအပြီးမှာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ မန်ယူအသင်းခေါင်းဆောင် ရွန်နီဟာ အသင်းနဲ့ စာချုပ်သက်တမ်း တနှစ်ပဲ ကျန်ရှိတော့တာဖြစ်ပြီး သူ့ရဲ့ မြင့်မားလှတဲ့ လုပ်ခကြောင့် မန်ယူအသင်းက ရောင်းချသွားဖို့ ဆန္ဒရှိနေပါတယ်။ အဲဗာတန်အသင်းကလည်း သူ့ရဲ့ တပတ်လုပ်ခ ပေါင် ၂ သိန်းခွဲကို ပေးချေနိုင်ခြင်း မရှိတာကြောင့် အသင်းဟောင်းကို ပြန်ကစားဖို့လည်း အဆင်မပြေ ဖြစ်နေတာပါ။ မန်ယူနည်းပြ မော်ရင်ဟိုအနေနဲ့ လာမယ့်ရာသီမှာ အသင်းရဲ့ တိုက်စစ်နေရာအတွက် အဲဗာတန်တိုက်စစ်မှူး လူကာကူ၊ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး မိုရာတာတို့ကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။
4 years Ago
Up