မန်ယူတွင်သာ ပျော်ရွှင်နေကြောင်း ဂိုးသမား ဒီဂီယာ ပြော

January 18, 2016

မန်ယူတွင်သာ ပျော်ရွှင်နေကြောင်း ဂိုးသမား ဒီဂီယာ ပြော

ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ဂိုးသမား ဒီဂီယာက မန်ယူမှာပဲ ပျော်တဲ့အကြောင်း ပြောပါတယ်။ ဂိုးသမား ဒီဂီယာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ရီးရဲလ်ကိုရောက်ဖို့ နီးစပ်ခဲ့ပြီး အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ မန်ယူနဲ့ စာချုပ်သစ် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အနာဂတ်နဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်ရာမှာ ဒီဂီယာက မန်ယူမှာပဲ ပျော်တဲ့အကြောင်းနဲ့ အသင်းမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတချို့ ရှိနေတယ်လို့ ပြောပါတယ်။ ရီးရဲလ်က ပေါင် ၂၅ သန်းနဲ့ မန်ယူဂိုးသမား ဒီဂီယာကို ကမ်းလှမ်းဖို့ လုပ်နေတယ်လို့လည်း ဆိုပါတယ်။ ရီးရဲလ်အသင်းဟာ အပြောင်းအရွှေ့ရာသီ ၂ ခုမှာ ကစားသမားသစ် ခေါ်တာကို ပိတ်ပင်ခံထားရပါတယ်။ ဒါပေမယ့်လည်း အခုတားမြစ်ချက်ဟာ လာမယ့် ဇူလိုင်လ မတိုင်ခင်အထိတော့ အကျုံးဝင်မှာ မဟုတ်သေးပါဘူး။
7 years Ago
Up