ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းက ဆောက်သမ်ပတန်ကို ၂-၀ နဲ့ အနိုင်ရရှိသွားပါတယ်။
ဒီနေ့ပွဲမှာ မန်ယူက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ၀ယ်ယူထားတဲ့ အလယ်တန်းကစားသမား ပေါ့ဘာလည်း ပါဝင်ကစားခဲ့ပါတယ်။
မန်ယူအသင်းဟာ အီဗရာဟင်မိုဗစ်ကို အထောင်ထားပြီး ၄-၂-၃-၁ နဲ့ ပွဲထွက်ကစားခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းအတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး အီဗရာဟင်မိုဗစ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ပထမဂိုးကို ပွဲချိန် ၃၆ မိနစ်မှာ အသင်းခေါင်းဆောင် ရွန်နီ ဂိုးရှေ့ဖြတ်တင်ပေးတဲ့ဘောလုံးကို မိုဗစ်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယဂိုးကိုတော့ ဒုတိယပိုင်း ၅၂ မိနစ်မှာ ပင်နယ်တီကတဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ မန်ယူအသင်းက အိမ်ကွင်းမှာ ကစားခဲ့တာ ဖြစ်ပေမယ့် ဘောလုံးပိုင်ဆိုင်မှုမှာတော့ ဆောက်သမ်ပတန်က ပိုများခဲ့ပြီး ဂိုးကန်သွင်းခွင့်မှာလည်း ဆောက်သမ်ပတန်က ပိုမို ရရှိခဲ့ပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ရာသီအစ နှစ်ပွဲလုံး အနိုင်ရရှိခဲ့ပြီး ရမှတ် ၆ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဆောက်သမ်ပတန်ကတော့ ၂ ပွဲကစားပြီး တပွဲရှုံး၊ တပွဲသရေ ရမှတ် ၁ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။
5 years Ago