မန်ယူက ငွေကြေးအမြောက်အမြား သုံးမည်

June 2, 2017

လူကာကူ၊ ဘယ်လော့တီ၊ မိုရာတာတို့အတွက် မန်ယူက ငွေကြေးအမြောက်အမြား သုံးမည်

မန်ယူအသင်းဟာ အက်သလက်တီကိုတိုက်စစ်မှူး အန်တိုနီယို ဂရက်ဇ်မန်းကို ခေါ်ယူဖို့ စွန့်လွှတ်လိုက်ပြီးတဲ့နောက် အဲဗာတန်တိုက်စစ်မှူး လူကာကူ၊ တိုရီနိုတိုက်စစ်မှူး အန်ဒရီယာ ဘယ်လော့တီ၊ ရီးရဲယ်က မိုရာတာတို့ကို ငွေကြေးအမြောက်အမြားသုံးပြီး ခေါ်ယူသွား ဖို့ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တီကို တိုက်စစ်မှူး ဂရက်ဇ်မန်းဟာ အသင်းမှာပဲ ဆက်နေဖို့ ဇွန် ၁ ရက်နေ့က သူရဲ့တွစ်တာ အကောင့်မှာ ရေးသားခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်း ခေါ်ယူဖို့ စိတ်ဝင်စားမှု လျော့ကျခဲ့တာ  ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လူကာကူကို ပေါင် သန်း ၁၀၀၊ ဘယ်လော့တီအတွက် ပေါင် ၈၇ သန်းနဲ့ မိုရာတာအတွက် ပေါင် ၆၅ သန်း သုံးစွဲသွားဖို့ရှိနေပါတယ်။ အဆိုပါကစားသမားတွေအပြင် မိုနာကိုအသင်းက ခြေစွမ်းပြ လူငယ်တိုက်စစ်မှူး အန်ဘာပေကိုလည်း ပေါင် ၈၇သန်း နီးပါးနဲ့ပဲ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
4 years Ago
Up