မန်ယူက ဆန်းဒါးလန်းကို ၃ ဂိုးပြတ်ဖြင့် အနိုင်ယူ

April 10, 2017

မန်ယူက ဆန်းဒါးလန်းကို ၃ ဂိုးပြတ်ဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ဧပြီ ၉ ရက် ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူက အဝေးကွင်းမှာ ဆန်းဒါးလန်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မန်ယူဟာ နောက်ဆုံးကစားထားတဲ့ ပွဲစဉ် အပါအဝင် ပရီးမီးယားလိဂ်မှာ ၁၂ ပွဲအထိ သရေကျထားတဲ့အသင်းလည်း ဖြစ်ပါတယ်။ ဒီပွဲမှာတော့ နိုင်ပွဲရဖို့ ပွဲစကတည်းက ဖိအားပေး ကစားသွားပြီး ဦးဆောင်ဂိုးကို မိနစ် ၃၀ မှာ တိုက်စစ်မှူး အီဗရာဟီမိုဗစ်က သွင်းယူပါတယ်။ ပွဲချိန် ၄၃ မိနစ်လောက်မှာ ဆန်းဒါလန်းကစားသမား လာဆန် ဖျက်တာကြမ်းလို့ အထုတ်ခံရပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ မန်ယူအတွက် ဒုတိယဂိုးကို ၄၆ မိနစ်မှာ မစ်ခီတာရန်းက သွင်းယူပါတယ်။ ဆန်းဒါးလန်းအသင်းဟာ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့အသင်းလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမိနစ်တွေမှာ မန်ယူက တဘက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားသွားပြီး ကန်သွင်းခွင့်တွေလည်း ရခဲ့ပါတယ်။ မန်ယူအတွက် အပိတ်ဂိုးကို တန်ပြန်တိုက်စစ်ကနေ အီဗရာဟီမိုဗစ် ဆင်ပေးတဲ့ အလုံးကနေ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ မန်ယူက ၅၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ မှာ ရှိနေပြီး ဆန်းဒါးလန်းကတော့ အမှတ် ၂၀ နဲ့ ဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။
4 years Ago
Up