မန်ယူက စီအက်စ်ကေအေနှင့် ကစားမည့်ပွဲတွင် ဒီဂီယာနေရာ ဆာဂျီယိုကို ရွေးချယ်ထား

December 5, 2017

မန်ယူက စီအက်စ်ကေအေနှင့် ကစားမည့်ပွဲတွင် ဒီဂီယာနေရာ ဆာဂျီယိုကို ရွေးချယ်ထား

မန်ချက်စတာယူနိုက်တက်အသင်းဟာ စီအက်စ်ကေအေမော်စကိုအသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ လက်စွမ်းပြဂိုးသမား ဒီဂီယာကို အသုံးမပြုပဲ ဆာဂျီယို ရိုမီရိုကို ပွဲထွက်ကစားသမားအဖြစ် ရွေးချယ်ထားခဲ့ပါတယ်။ မော်ရင်ဟိုက ဒီဂီယာဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်ကြောင်း၊ စီအက်စ်အေကို မော်စကိုနဲ့ပွဲမှာတော့ တတိယ ဂိုးသမားဖြစ်တယ်လို့ ဆိုပါတယ်။ အာဆင်နယ်ကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လက်စွမ်းပြပြီး ၁၄ ကြိမ်ထိ ကာကွယ်မှုပြုလုပ်နိုင်ခဲ့တဲ့ ဒီဂီယာကို တတိယဂိုးသမားအဖြစ်ပဲ ရွေးချယ်ထားခဲ့ပါတယ်။ ရိုမဲရိုးကို လာမယ့်ပွဲစဉ်မှာတော့ ပထမပွဲထွက် ကစားသမားအဖြစ် သတ်မှတ်ထားသလို ဒီဂီယာရဲ့ နောက်မှာ လေ့လာသင်ကြားနေဆဲဖြစ်တဲ့ ပရဲရားကတော့ ဒုတိယနေရာဂိုးသမားဖြစ်လာမှဖြစ်ကြောင်း မော်ရင်ဟိုက ပြောကြားထားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိချန်ပီယံလိဂ်မှာ အုပ်စု က ရဲ့ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပြီး ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းနေတဲ့ အသင်းလည်းဖြစ်ပါတယ်။
4 years Ago
Up