မန်ယူကွင်းလယ်လူ ဟာရဲရား စပိန်လက်ရွေးစင်အဖြစ် ပထမဆုံးအကြိမ် အရွေးခံရ

January 4, 2017

မန်ယူကွင်းလယ်လူ ဟာရဲရား ၀က်စ်ဟမ်းနှင့်ပွဲတွင် မျက်ခုံးကွဲ ဒဏ်ရာရရှိ

မန်ယူကွင်းလယ်ကစားသမား အန်ဒါ ဟာရဲရားဟာ ၀က်စ်ဟမ်းနဲ့ပွဲမှာ မျက်ခုံးကွဲ ဒဏ်ရာရခဲ့ပြီး ၃ ချက် ချုပ်ခဲ့ရပါတယ်။ စပိန်ကွင်းလယ်ကစားသမား ဟာရဲယားဟာ ပထမပိုင်းမှာပဲ ၀က်စ်ဟမ်းကစာသမား အော့ဘွန်နာနဲ့ ဘောလုံးယှဉ်လုရင်း မျက်ခုံးဒဏ်ရာ ရရှိခဲ့ပေမယ့် ပွဲပြီးတဲ့အထိ ကစားခဲ့ပါတယ်။ အနိုင် ၃ မှတ်အတွက် ၃ ချက် ချုပ်ခဲ့ရတယ်ဆိုပြီးတော့လည်း သူရဲ့ တွစ်တာစာမျက်နှာမှာ ဟာရဲယားက ရေးသားခဲ့ပါတယ်။ အန်ဒါ ဟာရဲယားဟာ ၀က်စ်ဟမ်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အီဗာရာဟီမိုဗစ်သွင်းယူတဲ့ ဒုတိယအနိုင်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ၀က်စ်ဟမ်းနဲ့ပွဲမှာ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် နိုင်ပွဲရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာက အသင်းတွေနဲ့ အမှတ်ကွာဟချက်ကျဉ်းမြောင်းစေခဲ့ပါတယ်။
5 years Ago

October 5, 2016

မန်ယူကွင်းလယ်လူ ဟာရဲရား စပိန်လက်ရွေးစင်အဖြစ် ပထမဆုံးအကြိမ် အရွေးခံရ

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဟာရဲရားဟာ စပိန်လက်ရွေးစင်အဖြစ် ပထမဆုံးအကြိမ် အရွေးခံခဲ့ရပါပြီ။ သူဟာ စပိန် ယူ-၂၀၊ ယူ-၂၁ နဲ့ ယူ-၂၃ အသင်းတွေမှာ အရွေးခံခဲ့ရပေမယ့် အခုမှ  လက်ရွေးစင်အသင်းကြီးမှာ အရွေးခံခဲ့ရတာပါ။ စပိန်အသင်းမှာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အလာကန်တာရာ၊ နီဂုဇ်၊ မာတီနက်ဇ်တို့ဟာ ဒဏ်ရာနဲ့ ကြံ့ခိုင်မှုမပြည့်စုံတဲ့ အနေအထားမှာ အသက် ၂၇ နှစ်အရွယ်  ဟာရဲရားကို ခေါ်ယူတာပါ။ သူဟာ လက်ရွေစင်အသင်းနဲ့အတူ လေ့ကျင်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။ စပိန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် အောက်တိုဘာ ၆ ရက်နေ့မှာ အီတလီ၊ အောက်တိုဘာ ၉ ရက်နေ့မှာ အယ်လ်ဘေးနီးယားနဲ့ အဝေးကွင်းတွေမှာ  ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 years Ago
Up