မန်ယူကွင်းလယ်လူ ဖယ်လိုင်နီကို ခေါ်ယူရန် မီလန်မြို့ခံနှစ်သင်း စီစဉ်

October 9, 2017

မန်ယူကွင်းလယ်လူ ဖယ်လိုင်နီ ဒူးဒဏ်ရာကြောင့် လီဗာပူးနှင့်ပွဲကို လွဲချော်မည်

မန်ချက်စတာယူနိုက်အသင်း ကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒူးဒဏ်ရာရသွားလို့ လီဗာပူးနဲ့ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဘော့စနီးယားဟာဇီဂိုးဗီးနား အသင်းကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာပါ။ ဖယ်လိုင်နီဟာ ဒဏ်ရာကြောင့် သီတင်းနှစ်ပတ်လောက် နားရနိုင်တယ်လို့ သတင်းတွေမှာ ခန့်မှန်းထားပါတယ်။ မန်ယူအသင်းဟာ လီဗာပူးအသင်းနဲ့ လာမယ့် အောက်တိုဘာ ၁၄ ရက်နေ့မှာ အဝေးကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာပါ။ ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ လီဗာပူးနဲ့ပွဲရော ဘန်ဖီကာအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ပါ လွဲချော်မှာပါ။ သူဟာ ဒီနှစ်ရာသီမှာ ခြေစွမ်းပြ ကစားနေပြီး ၄ ဂိုး သွင်းယူထားပါတယ်။
4 years Ago

December 20, 2016

မန်ယူကွင်းလယ်လူ ဖယ်လိုင်နီကို ခေါ်ယူရန် မီလန်မြို့ခံနှစ်သင်း စီစဉ်

အီတလီစီးရီးအေကလပ်အသင်းတွေဖြစ်တဲ့ အင်တာမီလန်နဲ့ အေစီမီလန်တို့ဟာ မန်ယူကွင်းလယ်ကစားသမား ဖယ်လိုင်နီကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာ မန်ယူအသင်းမှာ ပွဲထွက်ခွင့်မရ ဖြစ်နေတာကြောင့် ဒီအခြေအနေကို အသုံးချပြီး လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ မီလန်မြို့ခံနှစ်သင်းက ပြင်ဆင်နေတာပါ။ အသက် ၂၉ နှစ်ရှိ ဖယ်လိုင်နီဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ အင်တာမီလန်နဲ့ အေစီမီလန်တို့ဟာ ဖယ်လိုင်နီရဲ့ ပြောင်းရွှေ့ကြေးအတွက် မန်ယူအသင်းထံ မေးမြန်းထားပြီး အငှားနဲ့ ခေါ်ယူဖို့လည်း ရှိနေပါတယ်။ မန်ယူအသင်းဟာ နောက်ထပ်ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ ဒီပေးနဲ့ ရှနိုက်ဒါလင်တို့ကိုလည်း အဲဗာတန်အသင်းဆီ အငှားချဖို့ စီစဉ်နေပါတယ်။
5 years Ago
Up