မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာ တူရကီကလပ် ဘဆစ်တပ်၊ ပြင်သစ်ကလပ် မိုနာကိုနဲ့ ပီအက်စ်ဂျီအသင်းတို့ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အီတလီကလပ် ရိုးမားအသင်းကိုပဲ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။
ဖယ်လိုင်နီနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ လာမယ့်ဇွန်လအကုန် စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ရှိနေပါတယ်။
ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ အဆိုပါ ဘယ်ဂျီယံကွင်းလယ်လူ ဖယ်လိုင်နီအနေနဲ့ ရိုးမားအသင်းကို ရွေးချယ်ခဲ့ခြင်းဟာ တူရကီကလပ်အသင်းတွေထက် အဆင့်ပိုမြင့်တာနဲ့ ပီအက်စ်ဂျီ၊ မိုနာကို အသင်းတွေမှာထက် ဖိအားကင်းမယ့် အခြေအနေကို ရွေးချယ်ခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ဖယ်လိုင်နီဟာ ၂၀၁၃ ခုနှစ်က အဲဗာတန်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးတော့ အသင်းအတွက် အရေးပါတဲ့ ကွင်းလယ်ကစားသမား ဖြစ်လာခဲ့သလို နည်းပြဗန်ဟာ်းလ်ရော မော်ရင်ဟိုပါ သဘောကျတဲ့ ကစားသမားဖြစ်ပါတယ်။
ဒါပေမယ့် အခုရာသီမှာတော့ ဖယ်လိုင်နီအနေနဲ့ ၁၉ ပွဲသာကစားထားရပြီး ၄ ဂိုးသွင်းယူကာ ၁ ဂိုး သာ ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။
5 years Ago