မန်ယူကို နောက်ရာသီ ဆက်နည်းပြရန် ဗန်ဂေါ မျှော်လင့်

May 14, 2016

မန်ယူကို နောက်ရာသီ ဆက်နည်းပြရန် ဗန်ဂေါ မျှော်လင့်

အင်္ဂလန်ပရီးမီးယားလိဂ် မန်ချက်စတာယူနိုက်တက်အသင်း နည်းပြ ဗန်ဂေါက နောက်တရာသီ အသင်းကို ဆက်လက်နည်းပြဖို့ မျှော်လင့်နေပါတယ်။ အသင်းက ဗန်ဂေါအနာဂတ်အတွက် အာမခံချက်မပေးပေမယ့် ၂၀၁၄ ခုနှစ်က လက်မှတ် ရေးထိုးထားတဲ့ ၃ နှစ်စာချုပ်ရဲ့ လက်ကျန်သက်တမ်းကို ပြီးဆုံးအောင် ထမ်းဆောင်ဖို့ ဗန်ဂေါက ထင်မှတ်နေပါတယ်။ ဒီမှာ ဆက်ရှိနေမယ်လို့ သူက ထင်မှတ်ထားတဲ့အတွက် ဘုတ်အဖွဲ့က ဒီလိုဖြစ်ဖို့ ဆုံးဖြတ်ရမှာလို့ ဗန်ဂေါက ပြောပါတယ်။ မီဒီယာတွေက မန်ယူကနေ အရင် ၆ လကတည်းက သူ့ကို ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ရေးသားနေကြတာလို့ ဗန်ဂေါက ပြောပါတယ်။ ဒီဇင်ဘာလကစပြီး ဗန်ဂေါက ဖိအားတွေနဲ့ ရင်ဆိုင်နေရသလို ချဲလ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကို မန်ယူက စကားပြောနေတယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။ မေ ၁၅ ရက်မှာ မန်စီးတီးအသင်း ဆွမ်ဆီးကို အနိုင်ယူကစားမယ်ဆိုရင်တော့ မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ကို ဘောလုံးရာသီ ၃ ခုအတွင်း ၂ ကြိမ်လွဲချော်မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ယူအသင်းက ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရမယ့် အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာတော့ အနိုင်ရဖို့ မျှော်လင့်ထားပါတယ်။
6 years Ago
Up