မန်ယူကစားသမားများကို တင်လာသည့်ကား တိုက်ခိုက်ခံရ (ရုပ်သံ)

May 11, 2016

မန်ယူကစားသမားများကို တင်လာသည့်ကား တိုက်ခိုက်ခံရ (ရုပ်သံ)

ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်မှာ မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းရဲ့ ကစားသမားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကား မေ ၁၀ ရက်နေ့က တိုက်ခိုက်ခံခဲ့ရလို့ ပွဲစဉ် ၄၅ မိနစ် နောက်ကျခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ ကစားဖို့အလာမှာ ဘောလုံးဝါသနာအိုးတွေက မန်ယူအသင်း ကစားသမားတွေ စီးလာတဲ့ ဘတ်စ်ကားကို ဘီယာဘူးတွေ၊ ပုလင်းတွေနဲ့ ဝိုင်းပေါက်တာ ခံခဲ့ရတာပါ။ ကွင်းပြင်က လမ်းပေါ်မှာ ကားပိတ်မိနေအပြီး ရဲတွေက ဇိမ်ခံဘတ်စ်ကားကို ဝန်းရံထားခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် ကားပြတင်းပေါက်မှန်တခု ကွဲခဲ့ပါတယ်။ မီးခိုးဗုံးတခုလည်း ပစ်ဖောက်ခဲ့ရပါတယ်။ မန်ယူအသင်းခေါင်းဆောင် ဝိန်းရွန်နီကတော့ ဒါ မကောင်းဘူး၊ စိတ်ပျက်စရာပဲလို့ ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် ပွဲစဉ်ကို ဒေသစံတော်ချိန် ည ၈နာရီခွဲမှာမှ ကျင်းပနိုင်ခဲ့ပါတယ်။
6 years Ago
Up