မန်ယူကစားသမားဘ၀ နောက်ဆုံးနှစ်ဖြစ်နိုင်ဟု ၀ါရင့်ကွင်းလယ်လူ ကာရစ် ပြော

A d v e r t i s e m e n t With Us

November 17, 2016

မန်ယူကစားသမားဘ၀ နောက်ဆုံးနှစ်ဖြစ်နိုင်ဟု ၀ါရင့်ကွင်းလယ်လူ ကာရစ် ပြော

ဒီနှစ်ဘောလုံးရာသီဟာ မန်ယူကစားသမားဘ၀ နောက်ဆုံးနှစ် ဖြစ်နိုင်တယ်လို့ ၀ါရင့်ကွင်းလယ်ကစားသမား မိုက်ကယ်ကာရစ်က ပြောဆိုလိုက်ပါတယ်။ အသက် ၃၅ နှစ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ကာရစ်ဟာ မော်ရင်ဟိုရဲ့ လက်အောက်မှာ ပရီးမီးယားလိဂ်တပွဲပဲ ကစားရသေးတာပါ။ ဒီလိုပွဲထွက်ခွင့်မရခဲ့ပေမယ့် မန်ယူအသင်းလို ထိပ်တန်းအသင်းတသင်းမှာ အသက် ၃၅ နှစ်ရှိ ကစားသမားတဦးအနေနဲ့ ပွဲထွက်ခွင့်ရဖို့မလွယ်မှန်း သိရှိထားတယ်လို့ ကာရစ်က ၀န်ခံပြောကြားခဲ့ပါတယ်။ မန်ယူအသင်းနဲ့ ကာရစ်ရဲ့ စာချုပ်သက်တမ်းဟာ လာမယ့်ဇွန်လမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး နည်းပြ မော်ရင်ဟိုအနေနဲ့ ပေါ့ဘာ၊ ဟာရဲယားနဲ့ ဖယ်လိုင်နီတို့ကိုပဲ အသုံးပြုနေတဲ့အတွက် ကာရစ်ကို ထွက်ခွာခွင့်ပေးဖို့ ရှိနေပါတယ်။ ကွင်းလယ်ကစာသမား ကာရစ်ကတော့ နည်းပြက သဘောကျမယ်ဆိုရင် မန်ယူအသင်းမှာ ကစားနိုင်သမျှ ဆက်ကစားချင်တယ်လို့ ပြောပါတယ်။ ကာရစ်ဟာ ၂၀၀၆ ခုနှစ်ကတည်းက စပါးအသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး မန်ယူအသင်းနဲ့အတူ ပွဲပေါင်း ၄၂၇ ပွဲမှာ ၂၄ ဂိုး သွင်းယူထားပါတယ်။
4 years Ago
Up