အင်တာမီလန်အသင်းဟာ မန်ယူအသင်းတောင်ပံကစားသမား မာရှယ်ကို အငှားစာချုပ်နဲ့ ခေါ်ယူလိုနေပါတယ်။
မန်ယူအသင်းဟာလည်း အင်တာမီလန်ကွင်းလယ်ကစားသမား ပါရီဆစ်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားပြီး အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအနေနဲ့ အင်တာမီလန် အသင်းက မာရှယ်ကို တစ်ရာသီအငှားလိုချင်နေတာပါ။
မန်ယူအသင်းဟာ ပါရီဆစ်ကို ခေါ်ယူဖို့အတွက် တောင်ပံကစားသမား မာရှယ်ကို အငှားကစားခွင့် ပေးဖွယ်ရှိနေပါတယ်။
လက်ရှိအချိန်မှာ အသင်းနှစ်သင်းအကြားမှာ ကစားသမားနှစ်ဦးအတွက် တရာဝင် စာချုပ် ချုပ်ဆို နိုင်ခြင်းမရှိသေးပေမယ့် ရက်ပိုင်း အတွင်းအပြီးသတ်ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။
6 years Ago