မန္တလေး လူငယ်သင်တန်းကျောင်း

July 24, 2021

မန္တလေး လူငယ်သင်တန်းကျောင်းက ကျောင်းသား ၂၃ ဦး လွတ်မြောက်

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၂ လမ်း၊ ၇၃ လမ်းထောင့်ရှိ မန္တလေးလူငယ်သင်တန်းကျောင်း က ကျောင်းသား ၂၃  ဦး ဇူလိုင်  ၂၄ ရက်နေ့က ပြန်လည်လွတ်မြောက်လာပါါတယ်။

ဖေဖော်ဝါရီ ၁ ရက် မတိုင်မီ ချုပ်နှောင်ခံထားရတဲ့ ကျောင်းသားတွေထဲက  တချို့လွတ်မြောက်တာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ ဇူလိုင်လ ၂၀ ရက်နေ့ က ထုတ်ပြန်တဲ့ အမိန့်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၄၁၉ အရ ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုတွေကို ပိတ်သိမ်းပေးခြင်းကြောင့် လွတ်မြောက်တာဖြစ်ပါတယ်။

မန္တလေးမြို့ အိုးဘို အကျဉ်းထောင်ကနေလည်း အမျိုးသား  ၇၀၈ ဦး၊  အမျိုးသမီး ၉၉ ဦး စုစုပေါင်း ၈၀၇ ဦး ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

4 months Ago
Up