မန္တလေး-လာရှိုးလမ်း

May 27, 2021

မန္တလေး-လာရှိုးလမ်း ယာဉ်တိုက်မှု ၅ ဦး ဒဏ်ရာရ

  ပြည်ထော်စုလမ်းမကြီး မန္တလေး-လားရှိုးလမ်းပိုင်းမှာ မေ ၂၆ ရက် ည ၁၀ နာရီခွဲလောက်က ခရီးသည်တင်ယာဉ်နဲ့ ၁၂ ဘီးယာဉ် မျက်နှာချင်းဆိုင်တိုက်မိတာကြောင့် လူ ၅ ဦး ဒဏ်ရာရခဲ့ တယ်လို့  ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

ဖြစ်စဉ်အရ ပြည်ထောင်စုလမ်းမကြီးရှိ ဂုတ်တွင်းမရောက်မီ ကျောင်းကုန်းကျေးရွာ အောက် စန္ဒာမုနိဘုန်းကြီးကျောင်းအနီးတံတားမှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာပါ။ 

ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်မောင်းအပါအဝင် ခရီးသည်တင် ၅ ဦး ဒဏ်ရာရခဲ့ရာမှာ ကားခေါင်းမှာ ညှပ်နေတဲ့ ယာဉ်မောင်းကို အချိန်မီကယ်ထုတ်နိုင်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

ဒဏ်ရာရရှိသူတွေကို ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းက  ကျောက်မဲဆေးတပ်ကို အရေးပေါ်ပို့ဆောင်ပေးခဲ့ပါတယ်။

6 months Ago
Up