မန္တလေး တပ်ပေါင်းစုသပိတ်

April 18, 2021

မန္တလေးတပ်ပေါင်းစု သပိတ်ဖြိုခွင်းခံရ

မန္တလေးမြို့မှာ ဧပြီ ၁၈ ရက် ညနေပိုင်းက စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက်ဆန္ဒပြတဲ့ မန္တလေးတပ်ပေါင်းစု သပိတ်ကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ပါတယ်။

ဒီလို အကြမ်းဖက် ဖြိုခွင်းဖို့ ရောက်လာကြပေမယ့် အချိန်မီ လူစုခွဲနိုင်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

မန္တလေးတပ်ပေါင်းစု သပိတ်စစ်ကြောင်းမှာ ဗကသများအဖွဲ့ချုပ်၊ ဘုရားကြီး ငြိမ်းချမ်းရေး စစ်ကြောင်း၊ တမ္ပဝတီ လုထု သပိတ်စစ်ကြောင်း၊ ဒေါင်းစစ်သည်၊ မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ ကျောက်ဆည်နည်းပညာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ အထက (၇) ကျောင်းသား ကျောင်းသူဟောင်းများ ၊ မန္တလေးမြို့ပေါ် တက္ကသိုလ် ကောလိပ်များက ဆရာ ဆရာမ ဝန်ထမ်းများ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

8 months Ago
Up