မန္တလေး ဆေးရုံ

August 21, 2021

မန္တလေးဆေးရုံကြီးတွင် တန် ၆၀ ဆံ့ အောက်ဆီဂျင်အရည် သိုလှောင်ကန် တည်ဆောက်နေ

မန္တလေး၊ အထွေထွေရောဂါကုဆေးရုံကြီးအတွင်း တန်  ၆၀ ဆံ့ အောက်ဆီဂျင်အရည် သိုလှောင်ကန် တည်ဆောက်နေတယ်လို့ သိရပါတယ်။

ဒီသိုလှောင်ကန်ကို မန္တလေး မြို့မိမြို့ဖတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်သူ့ကျန်းမာရေးနဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေ ရှာဖွေရေးကော်မတီက လှူဒါန်းထားတာပါ။

အရည်အသွေးကောင်းမွန်တဲ့ အောက်ဆီဂျင်အရည်တွေကို အများပြည်သူက စဉ်ဆက်မပြတ် ရေရှည်အသုံးပြုနိုင်စေဖို့ ရည်ရွယ်ပြီး လှူဒါန်းတာလို့ ကော်မတီက ဆိုပါတယ်။

ဒီအောက်ဆီဂျင် သိုလှောင်ကန်ကို မကြာခင်ပြီးစီးဖို့ တည်ဆောက်နေတယ်လို့ သိရပါတယ်။

3 months Ago
Up