မန္တလေး စိန်ပန်းသပိတ်စစ်ကြောင်း

June 3, 2021

မန္တလေး စိန်ပန်းသပိတ်စစ်ကြောင်းတွင် ပါဝင်သူ ၂ ဦး ရိုက်နှက်ဖမ်းဆီးခံရ

မန္တလေး၊ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်မှာ ဇွန်လ ၃ ရက် မနက် ၄ နာရီလောက်က စိန်ပန်းသပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ ပြည်သူ  ၂ ဦးကို အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့က  ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ စိန်ပန်းရပ်ကွက် လှည်းတန်းရပ်နေ ကိုဖြိုးနဲ့ ရွှေတိုးကုန်းရပ်နေ ကိုခင်ဇော်သက်တို့ဖြစ်ပြီး သူတို့နှစ်ဦးဟာ အန်အယ်လ်ဒီ ပါတီဝင်တွေလည်း ဖြစ်ကြပါတယ်။

နေအိမ်တွေမှာ ဖမ်းဆီးခံရတာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေက သူတို့နှစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

8 months Ago
Up