မန္တလေး စည်ပင်သာယာရေး ဝန်ထမ်း

February 17, 2021

မန္တလေး စည်ပင်သာယာရေး ဝန်ထမ်းများ ဆန္ဒပြ

စစ်အာဏာရှင် အလိုမရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းတွေ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မန္တလေးမြို့တွင်း လှည့်လည်ချီတက်ခဲ့ကြပါတယ်။

ဒါ့အပြင် အခြားဝန်ထမ်းတွေဖြစ်တဲ့ ကျန်ူမာရေး၊ ဝန်ထမ်းတွေ၊ လျှပ်စစ်ဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေလည်း သက်ဆိုင်ရာ ဆန္ဒပြစစ်ကြောင်းတွေနဲ့ ချီတက်ခဲ့ကြတာကို တွေ့ရပါတယ်။

တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာလည်း လူငယ်တွေစုပေါင်းပြီး တရုတ်အစိုးရအနေနဲ့ အာဏာသိမ်းစစ်အစိုးရကို ထောက်ပံ့ကူညီတာတွေ ရပ်တန့်ပေးဖို့ တောင်းဆိုတာတွေရှိတဲ့အပြင် CDM လှုပ်ရှားမှုမှာ ကျန်ရှိနေသေးတဲ့ ဝန်ထမ်းတွေပါ ပူးပေါင်းကြဖို့ တိုက်တွန်းဆန္ဒပြ နေကြတာတွေ ရှိပါတယ်။

2 years Ago
Up