မန္တလေးသပိတ်စစ်ကြောင်း

August 28, 2021

မန္တလေးသပိတ်စစ်ကြောင်း ဖြိုခွင်းခံရ အမျိုးသမီး ၁ ဦး ကျည်ထိမှန်၊ ၁ ဦး ဖမ်းဆီးခံရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဩဂုတ် ၂၈ ရက် ညနေပိုင်းက စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ချီတက်ဆန္ဒပြတဲ့ မန္တလေးသပိတ်အင်အားစု စစ်ကြောင်း စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်ဖြိုခွင်း ခံလိုက်ရပါတယ်။

မန္တလေးသပိတ်အင်အားစု စစ်ကြောင်းစတင် ချီတက်မယ့်အချိန်မှာပဲ စစ်ကောင်စီတပ်သားတွေ အိမ်စီးကားနဲ့ ရောက်လာပြီး ပစ်ခတ်ဖြိုခွင်းတာလို့ သိရပါတယ်။

“ကျနော်တို့ စချီတက်တဲ့အချိန် ကြွေးကြော်သံတိုင်တော့ အိမ်စီးကားနဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းတာပဲ။ တစ်ဦး ဒဏ်ရာရပြီး တစ်ဦး ဖမ်းခံရတယ်လို့ သိရတယ်။”လို့ သပိတ်မှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူမှာ အမျိုးသမီး ၁ ဦးဖြစ်ပြီး ခြေထောက်ကျည်ထိမှန်သူဟာလည်း အမျိုးသမီးဖြစ်တယ်လို့ ကနဦး သိရပါတယ်။

Photo - ( ဩဂုတ်လ ၂၅ ရက်နေ့က ချီတက်ဆန္ဒပြခဲ့တဲ့ မန္တလေး သပိတ်အင်အားစု)

3 months Ago
Up