မန္တလေးလူထုသိန်းချီ ဆန္ဒပြ

February 17, 2021

စစ်အာဏာရှင်အလိုမရှိကြောင်း မန္တလေးလူထုသိန်းချီ ဆန္ဒပြ

စစ်တပ်က အာဏာသိမ်းပြီး ၁၇ ရက်မြောက်နေ့မှာလည်း စစ်အာဏာကို အလို မရှိကြောင်း မန္တလေးမြို့ခံ လူအင်အား သိန်းချီကာ နေရာ အနှံ့မှာ ဆန္ဒပြနေကြပါတယ်။

နေရာအနှံ့က ပြည်သူတွေ၊ လုပ်ငန်းရှင်တွေ၊ ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းတွေ၊ ကျောင်းသားတွေဟာ စစ်ကြောင်း အသီးသီးနဲ့ ဆန့်ကျင် ဆန္ဒပြနေဆဲ ဖြစ်ပါတယ်။

ရုံးတက်ရောက်နေဆဲ ဖြစ်တဲ့ ပြည်သူ့ ဝန်ထမ်းတွေအနေနဲ့လည်း ရုံး ဆက်မတက်ကြပဲ CDM လုပ်ဆောင်ကြဖို့ လှုံ့ဆော်တာတွေကိုလည်း တွေ့မြင်ရပါတယ်။

အခြေခံပညာ ဆရာ ဆရာမတွေအနေနဲ့ ပြည်သူ့အစိုးရကိုသာ အသိအမှတ်ပြုပြီး စစ်တပ်ကနေ အာဏာသိမ်းတာကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာလည်း ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။

ဆရာ ဆရာမတွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ သမာသမတ်ကျစွာ ထမ်းဆောင်ခဲ့တာ ဖြစ်ကြောင်း ကြွေးကြော်သစ္စာဆိုခဲ့ပြီး သစ္စာမှန်ကန်ပါက စစ်အာဏာရှင်စနစ် ကျဆုံးပါစေကြောင်း လည်း တိုင်တည်ကြွေးကြော်ခဲ့ကြပါတယ်။

ဒီကနေ့မှာတော့ ဆရာ ဆရာမတွေနဲ့ ဝန်းရံ ကျောင်းသား ပြည်သူတွေ အပါအဝင် လူအင်အား ၅၀၀၀ ကျော်  လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ထိန်ထိန်လင်း

2 years Ago
Up